DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂကို အစ္စရေးက အပြင်းအထန် ပြစ်တင်ရှုတ်ချ
DVB
·
July 11, 2024
ကုလသမဂ္ဂကို အစ္စရေးက အပြင်းအထန် ပြစ်တင်ရှုတ်ချ
Donate to DVB

ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပို့ပေးရာမှာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ချို့ယွင်းချက်တွေအတွက် အစ္စရေးစစ်တပ်က ကုလသမဂ္ဂကို ဇူလိုင် ၁၀ ရက်က အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ပဋိပက္ခစတင်ပြီး ၉ လအတွင်း အရေးပေါ်လိုအပ်နေပေမဲ့ ကုလသမဂ္ဂဟာ ကုန်တင်ကား အလွတ် ၂၆ စီး သာ ဂါဇာကမ်းမြောင်ဆီ ယူလာခဲ့တယ်လို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှု အရပ်ဘက်ဌာန အကြီးအကဲ ဗိုလ်မှူးကြီး အီလဒ်ဂိုရန်က ခယ်ရမ်ရှလွန်းမ် နယ်စပ်ဖြတ်ကျော်ရေးစခန်းမှာ မီဒီယာတွေကို မိန့်ခွန်းပြောရာမှာ ပြောပါတယ်။

“အဓိကအချက်ကတော့ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမဲ့ UN က သူတို့အလုပ် သူတို့မလုပ်ဘူး။”

လူသားချင်း စာနာထောက်ထားမှု လမ်းကြောင်းအသစ်တွေ ဖန်တီးခြင်းနဲ့ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ လမ်းတွေဖောက်တာ အပါအဝင် အကူအညီတွေ ပို့ရာမှာ လွယ်ကူချောမွေ့စေဖို့ သူ့ဌာနက ဆောင်ရွက်ခဲ့တဲ့ အဆင့်တွေကိုလည်း ဂိုရန်က အသေးစိတ် ရှင်းလင်းပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာ သူက မီဒီယာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ သိမ်းဆည်းထားတဲ့ ခယ်ရမ် ရှလွန်မ် နယ်စပ်ဖြတ်ကူးရေးစခန်းဆီ လိုက်ပြခဲ့ပါတယ်။

သက်သေခံအမှတ်အသားမပါတဲ့ ကုန်တင်ကားတွေက စစ်ဆေးရေးဂိတ်ထဲဝင်အပြီး ကုန်ပစ္စည်းတွေ တင်ပြီးတဲ့နောက် ဂါဇာဘက်ဆီ ထွက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013