DVB Logo
Home
မြန်မာသတင်း
ရခိုင်ပါတီညီလာခံတွင် အမျိုးသားအကျိုးစီးပွား ရှေးရှု ဆွေးနွေးကြမည်
DVB
·
September 25, 2014
ရခိုင်ပါတီညီလာခံတွင် အမျိုးသားအကျိုးစီးပွား ရှေးရှု ဆွေးနွေးကြမည်
1 / 5
Donate to DVB

အမျိုးသားပါတီချင်း စစ်မှန်စွာ ပေါင်းစပ်နိုင်မှ အမျိုးသားအကျိုးစီးပွားတွေ ဆောင်ရွက်နိုင်မယ်လို့ ရခိုင်ပါတီခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

party (4)ရခိုင်ပြည်နယ် သံတွဲမြို့ လေးမျက်နှာ ဘုရားကုန်းပေါ်မှာ ဒီကနေ့မနက်က စတင်ကျင်းပလိုက်တဲ့ ပထမဆုံးအကြိမ် ရခိုင်အမျိုးသား ပါတီညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ပါတီ ဒုတိ ယခေါင်းဆောင် ဒေါက် တာအေးမောင်က သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ဟာ တပါတီတည်းအဖြစ် ၂၀၁၃ ခုနှစ်က ရခိုင်အမျိုးသားပါတီအဖြစ် ပူးပေါင်းခဲ့ကြပြီး အခု ပထမဆုံးအကြိမ် ပါတီညီလာခံကြီးကျင်းပတာ ဖြစ်ပါတယ်။

party (3)ပါတီ ၂ ခု ပူးပေါင်းခဲ့ကြပေ မယ့် နှစ်ဘက်ပါတီက ချိတ်ဆက်ထားတဲ့ တိုင်းရင်းသား ပါတီကြီးတွေပေါ် မူတည်ပြီး မူဘောင် ၂ ခု ဖြစ်ခဲ့တဲ့အတွက် မူဘောင်တခု တည်းဖြစ်ရေးကို ညီလာခံမှာ အလေးထား ဆွေးနွေးညှိနှိုင်းမယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဒုခေါင်းဆောင်နဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က ဒီဗွီဘီကို ပြောပါတယ်။

party (2)“ဒီပါတီညီလာခံဟာ အမျိုးသားအကျိုးစီးပွား အခြေအနေတခုအတွက် အင်မတန် အရေးကြီးတဲ့ အတွက် ပေါင်းစပ် တာဖြစ်ပါ တယ်။ ပေါင်းစပ်တဲ့ အခါမှာ ပါတီကြီး ၂ ခုကို ပေါင်း စပ်တာဖြစ်တဲ့အတွက် တကယ်စစ်စစ်မှန်မှန် ပေါင်းစပ်ဖို့ လိုတဲ့အကြောင်း တင်ပြပါတယ်။ ဒီလိုပေါင်းစပ်နိုင်မှပဲ ရှေ့ဆက်သွားမယ် မူဝါဒတွေကို ချမှတ်တဲ့အခါမှာ ကျနော်တို့ လက်တွဲဆောင်ရွက်နိုင်မယ်။ အထူးသဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ ချိတ်ဆက်တာ ရှိပါတယ်။ ကျနော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) က အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) နဲ့ ချိန်ဆက်တာ ရှိပါတယ်။ အဲဒီတော့ အန်ဒီအက်ဖ် နဲ့ တဖွဲ့က ချိတ်ဆက်၊ တဖွဲ့က ယူအန်အေ နဲ့ ချိတ်ဆက်ဆိုရင် ကျနော်တို့ တိုင်းရင်းသားများနဲ့ မူဘောင်တခုဟာ ကျနော်တို့ သတ်မှတ်တဲ့ မူဘောင်တခု မဟုတ်ပေမယ့် ပါတီကြီးတခုမှာ မူဘောင် ၂ ခု ရှိနေသလို ဖြစ်ပါတယ်။ ဒါကြီးကို ဘယ်လို ခိုင်မာတဲ့ မူဘောင်တခုဖြစ်အောင် ဆောင်ရွက်မလဲဆိုတာကို ပါတီညီလာခံက သတ်မှတ်ပေးဖို့၊ ကျနော်တို့ရဲ့ ပါတီဖွဲ့စည်းပုံကို ဘယ်လိုရှိသင့်သလဲဆိုတဲ့ ပါတီဖွဲ့စည်းပုံကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပေးဖို့ ကျနော်တင်ပြခဲ့တာ ဖြစ်ပါတယ်။”

party (1)လက်ရှိ ရခိုင်ပြည်ရဲ့ အခြေအနေမှာ အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ ခြိမ်းခြောက်မှု၊ နိုင်ငံရေး နာလန်မထူနိုင်မှု၊ တနိုင်ငံလုံးမှာ ဒုတိယ အဆင်းရဲဆုံးပြည် နယ်ဖြစ်မှု စတဲ့အခြေအနေတွေ ရှိနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကာလလည်း ဖြစ်နေပါကြောင်း၊ မူဘောင်တခုတည်းကနေ မိမိတို့ လိုလားတဲ့ ပိုမိုကောင်းမွန်တဲ့ ဖွဲ့စည်းပုံဖြစ်အောင် ပြင်ဆင်ရေးအတွက် ဆောင်ရွက်နိုင်ဖို့ ဒီညီလာခံကနေ ဆွေးနွေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။
ဒီမနက် ဖွင့်ပွဲအခမ်းအနားကို ရခိုင်ပါတီ ကိုယ်စားလှယ် ၂၀၀ ကျော်နဲ့ မြို့မိမြို့ဖ၊ ပညာရှင်တွေနဲ့ ဒေသခံလူထုတွေပါ စုစုပေါင်း ၄၀၀ နီးပါး တက်ရောက်ပါတယ်။

ညီလာခံဆွေးနွေးပွဲကိုတော့ သံတွဲမြို့ကနေ မိနစ် ၂၀ ကြာ ကားစီးရတဲ့ ငပလီကမ်းခြေ အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ကျင်းပကြမှာပါ။
ညီလာခံကို စက်တင်ဘာ ၂၉ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပြီး ပါတီဖွဲ့စည်းပုံ၊ လွှတ်တော်အမတ် ရွေးချယ်ခြင်းဆိုင်ရာ မူဝါဒတွေ ဆွေးနွေးကာ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီတွေပါ ရွေးချယ်သွားဖို့ ရှိနေပါတယ်။
ဒီကနေ့ညနေပိုင်းမှာတော့ တက်ရောက်လာသူ ကိုယ်စားလှယ်အချင်းချင်း မိတ်ဆက်ပြီး ဒေသတွင်းက အခက်အခဲနဲ့ အခြေအနေတွေ လာရောက် ဖလှယ်မယ့်အစီအစဉ်ရှိပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံတွင်ရှိ ဒုတိယအဆင်းရဲဆုံးပြည်နယ် ဖြစ်သလို လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေကြောင့် လူရာချီသေဆုံးခဲ့သလို လူ ၁ သိန်းခွဲကျော် ဒုက္ခသည်အဖြစ် ခိုလှုံနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013