DVB Logo
Home
Lead Story
မြန်မာ့လူ့အခွင့်အရေးကော်မရှင် ဘယ်လို ဖွဲ့ခဲ့တာလဲ၊ ပြည်သူကို ချပြခြင်းမရှိ - မေးမြန်းချက်
DVB
·
September 25, 2014
မြန်မာ့လူ့အခွင့်အရေးကော်မရှင် ဘယ်လို ဖွဲ့ခဲ့တာလဲ၊ ပြည်သူကို ချပြခြင်းမရှိ - မေးမြန်းချက်
Donate to DVB

သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဖွဲ့လိုက်တဲ့ မြန်မာနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဟာ ဘယ်ပုံဘယ်နည်းနဲ့ ဖွဲ့စည်းလိုက်သလဲဆိုတာ ပြည်သူကို ချပြခြင်းမရှိဘဲ ဖွဲ့စည်းလိုက်တာဖြစ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဖွဲ့စည်းခြင်း ရှိ မရှိ အသိပေးတာမျိုး မလုပ်ခဲ့ဘဲ ဖွဲ့စည်းခဲ့တာလို့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူအဖွဲ့က ညီမျှခြင်း မြန်မာဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန်ပြောကြားလိုက်ပါတယ်။

[caption id="attachment_28032" align="alignright" width="300"]ဦးအောင်မျိုးမင်း ဦးအောင်မျိုးမင်း[/caption]စက်တင်ဘာ ၂၄ ရက်ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန်လက်မှတ်ထိုးပြီး ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ အဖွဲ့ဝင် ၁၁ ယောက်ပါဝင်ပြီး အရင် ကော်မရှင်က လူဟောင်း ၅ ဦး ပြန်လည်ပါဝင်လာပါတယ်။

အဖွဲ့ဝင်တွေ အားလုံးဟာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေချည်းဖြစ်ပြီး အခု ထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာ စာအရ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ကိုလည်း တပါတည်း ဖျက်သိမ်းလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးကော်မရှင်အသစ် ဖွဲ့စည်းတဲ့ သတင်းထွက်ပေါ်ခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်မှာပဲ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူအဖွဲ့က မြန်မာ့လူ့အခွင့်အရေးကော် မရှင်ဟာ သမ္မတဘက်တော်သားတွေသာ ဖြစ်တယ်ဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာပါအကြောင်းအရာတွေနဲ့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်အသစ် ဖွဲ့လိုက်တဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူအဖွဲ့က ညီမျှခြင်း မြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013