DVB Logo
Home
မြန်မာသတင်း
ကချင်သစ်တော ပြုန်းတီးမှု တရုတ်-မြန်မာ ဆွေးနွေး
DVB
·
September 25, 2014
ကချင်သစ်တော ပြုန်းတီးမှု တရုတ်-မြန်မာ ဆွေးနွေး
Donate to DVB

စက်တင်ဘာ ၂၄ ရက်နေ့က တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီး အိပ်ခ်ျ.အီး မစ္စတာ ဟန်ချောင်ဖူ (H.E.Mr.Han Changfu) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ်အတွင်း သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်း ထိန်းသိမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_65973" align="alignright" width="300"]ဓာတ်ပုံ - သမ္မတရုံးဝက်ဆိုဒ် ဓာတ်ပုံ - သမ္မတရုံးဝက်ဆိုဒ်[/caption]

ဒါ့အပြင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းတွေ၊ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်းတွေကို တိုးချဲ့တင်ပို့နိုင်မယ့် အလားအလာတွေ၊ မျိုးကောင်း မျိုးသန့် ထုတ်လုပ်နိုင်မယ့် နည်းပညာတွေ ဖလှယ်ရေး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရ နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံစဉ် မြန်မာ့သစ်တော ပြုန်းတီးမှုကိစ္စ ဆွေးနွေးပြီး သတင်းထုတ်ပြန်တာ ဒါပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

ကချင်ပြည်နယ်နယ်စပ် တရုတ်ပြည်ဘက်အခြမ်းမှာ တရုတ်အစိုးရဟာ သူ့နိုင်ငံထဲမှာ သစ်ခုတ်ယူခြင်း မပြုဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားပေမယ့် မြန်မာဘက်က သစ်မှောင်ခို သွင်းနေတာတွေကိုတော့ နှစ်ပေါင်းများစွာ မသိကျိုးကျွံပြုထားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ၁၉၉၀ ပြည့်နှစ် န၀တစစ်အစိုးရနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခွဲထွက် ကချင်လက်နက်ကိုင်တွေ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း တရုတ်ပြည်ဘက်ကို သစ်ခိုးထုတ်မှု အရှိန်အမြင့်ဆုံး ဖြစ်ခဲ့ပြီး နိုင်ငံတကာက အာရုံစိုက်တဲ့အထိ ဖြစ်လာခဲ့ရပါတယ်။

ခုအခါ မြန်မာနိုင်ငံအတွင်းမှာလည်း သစ်အလုံးလိုက် နိုင်ငံခြားတင်ပို့မှု ပိတ်ပင်ထားပြီး နယ်စပ်ကနေ သစ်ခိုးထုတ်နေမှုတွေကို အရေးယူ ဖမ်းဆီးနေတဲ့ ကာလလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013