DVB Logo
Home
နိုင်ငံတကာ
၂၀၂၄ ခုနှစ် ကမ္ဘာ့အပူဆုံးနှစ် ဖြစ်နိုင်ပြီး ဇွန်လ၌ အပူချိန် စံချိန်ချိုး
DVB
·
July 10, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့အပူဆုံးနှစ် ဖြစ်နိုင်ပြီး ဇွန်လ၌ အပူချိန် စံချိန်ချိုး
Donate to DVB

၂၀၂၄ ခုနှစ်ရဲ့ ဇွန်လဟာ တခြားနှစ်တွေရဲ့ ဇွန်လတွေထက် ပိုပူခဲ့တယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ရာသီဥတုစောင့်ကြည့်ရေးဌာနက ဇူလိုင် ၈ ရက်မှာ ကြေညာပါတယ်။

ပါရီသဘောတူညီချက်က ချမှတ်ထားတဲ့ ပစ်မှတ်ဖြစ်တဲ့ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် (၂ ဒသမ ၇ ဖာရင်ဟိုက်) ထက် ပိုမပူရေး ပန်းတိုင်ဆီ ယာယီပိုပူနေတဲ့ အခြေအနေဆီ တွန်းပို့ခဲ့ပြီး စံချိန်တင် စံချိန်ချိုးခဲ့တာပါ။

ဥရောပသမဂ္ဂရဲ့ Copernicus ရာသီဥတုပြောင်းလဲမှုဌာန (C3S) က သူတို့ရဲ့ တွေ့ရှိချက်တွေကို လစဉ် စာစောင်တခုရဲ့ တစိတ်တပိုင်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

လူတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီညို သဘာဝရာသီဥတု ဖြစ်စဉ်နှစ်ခုလုံးဟာ အပူချိန်တွေ စံချိန်တင်မြင့်တက်အောင် တွန်းပို့ခဲ့ပြီးတဲ့နောက် ၂၀၂၄ ခုနှစ်ဟာ ၂၀၂၃ ခုနှစ်ထက် အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တချို့က ပြောခဲ့ပါတယ်။

ဇွန်လမှာ ဆော်ဒီအာရေးဗျကနေ ဂရိအထိ ကမ္ဘာအနှံ့အပြားဆီ ဆိုးရွားပြင်းထန်တဲ့ အပူရှိန်တွေ လွှမ်းခြုံခဲ့ပါတယ်။

ဇွန်လမှာ အဆုံးသတ်တဲ့ ၁၂ လတာ မှတ်တမ်းမှာ ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ၁၈၅၀-၁၉၀၀ စက်မှုခေတ်မတိုင်မီကာလကနေ ခုထိ ပျမ်းမျှထက် ၁ ဒသမ ၆၅ ဒီဂရီစင်တီဂရိတ် ပိုပူနေပြီး ကမ္ဘာ့ပျမ်းမျှအပူချိန် စံချိန်တင်ခဲ့တယ်လို့ C3S က ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013