လျှို့ဝှက်ချက်များဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်း ဆွေးနွေးရန် အဆို ပယ်ချခံရ
DVB
·
September 25, 2014

မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းပြီး ထောက်ခံသူမရှိလို့ ပယ်ချခံရခဲ့ရပါတယ်။
အဆိုကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးနဲ့ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ဖို့ မသင့်ကြောင်း ဆွေးနွေးခဲ့ကြပြီး လွှတ်တော်အဆုံးအဖြတ်ယူရာမှာ ထောက်ခံသူမရှိဘဲ ပယ်ချ ခံခဲ့ရတာပါ။











