DVB Logo
Home
နိုင်ငံတကာ
“အမေရိကန် မရှိရင် NATO အဖွဲ့ မရှိနိုင်”ဟု  ပိုလန်ကာကွယ်ရေးဝန်ကြီး ပြော 
DVB
·
May 7, 2026
Photo: REUTERS/Kuba Stezycki/File Photo
Photo: REUTERS/Kuba Stezycki/File Photo
Donate to DVB

ပိုလန်အစိုးရက သူ့ရဲ့ ကြီးထွားလာတဲ့ စစ်ရေးစွမ်းရည်တွေကို ပြသခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေကို  ပိုလက်ခံဖို့ ကမ်းလှမ်းခဲ့ချိန်မှာ အမေရိကန်မရှိရင် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO)က မဖြစ်နိုင်ဘူးလို့ ပိုလန်ကာကွယ်ရေးဝန်ကြီး ဝလာဒီစလော ကိုစီနိယက်ကာမစ်ဇ်က မေ ၆ ရက်မှာ ပြောလိုက်ပါတယ်။

တင့်ကားတွေ၊ ဟော်ဝစ်ဇာတွေ၊ ဒရုန်းတွေနဲ့ တခြားစစ်ဘက်ပစ္စည်းတွေကို ပြထားတဲ့ သတင်းစာရှင်းလင်းပွဲမှာခုလို ပြောလိုက်တာပါ။ 

“အမေရိကန်တပ်တွေ တည်ရှိနေမှုကို တိုးမြှင့်ဖို့ ကျနော်တို့ အသင့်ပါပဲ” လို့ သူက ပြောခဲ့ပါတယ်။

ပိုလန်နိုင်ငံက အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့အကြား ဆုံးဖြတ်ချက်တွေကိုမချဘဲ ပင်တဂွန်နဲ့ ဆွေးနွေးနေတယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

ဥရောပမှာ အမေရိကန်တပ်သား ၇၅,၀၀၀ လောက်ကို လက်ခံထားတာဟာ နိုင်ငံအားလုံးရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလောဆီကော်စကီကလည်း အမေရိကန်စစ်သားတွေကို ပိုလန်က ကြိုဆိုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီကနေ ၂၅၀ ကီလိုမီတာအကွာ တကယ့်ခြိမ်းခြောက်မှုရှိတဲ့နေရာမှာ သူတို့ကို ဖိတ်ခေါ် ပါတယ်လို့ စီကော်စကီက ယူကရိန်းပဋိပက္ခနဲ့ ပိုလန်နိုင်ငံတို့ နီးကပ်မှုကို ရည်ညွှန်းပြောပါတယ်။

ပိုလန်ဟာ ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံစလုံးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ NATO ရဲ့ အရှေ့ပိုင်းအဖွဲ့ဝင် နိုင်ငံတခုပါ။ ပိုလန်နိုင်ငံဟာ ရုရှားရဲ့ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုလို့ ယူဆရတဲ့ အခြေအနေကို ရင်ဆိုင်ရချိန်မှာ စစ်ရေးအသုံးစရိတ်ကို မြှင့်တင်နေပါတယ်။

ပိုလန်အစိုးရက သူ့စီးပွားရေးအရွယ်အစားနဲ့ နှိုင်းယှဉ်ရင် NATO မှာ စစ်ရေးအသုံးစရိတ် အများဆုံး သုံးတဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ကာကွယ်ရေးအတွက် GDP ရဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်း သုံးဖို့ စီစဉ်ထားပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ NATO ခေါင်းဆောင်တွေဟာ ၂၀၃၅ ခုနှစ်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေအတွက် GDP ရဲ့ ၅ ရာခိုင်နှုန်းသုံးဖို့ သဘောတူခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013