DVB Logo
Home
မြန်မာသတင်း
၂ နိုင်ငံ အကျိုးအမြတ်စီမံကိန်းကိစ္စများ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်
DVB
·
September 25, 2014
၂ နိုင်ငံ အကျိုးအမြတ်စီမံကိန်းကိစ္စများ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်
Donate to DVB

[caption id="attachment_63167" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]

အောက်တိုဘာလအစောပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်မယ့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ခရီးစဉ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ နီးနီးကပ်ကပ် လုပ်ဆောင်ဖို့နဲ့ ၂ နိုင်ငံ အကျိုးအမြတ် စီမံကိန်းကိစ္စတွေကို ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးရဲ့စကားကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

ထိုင်းအစိုးရအပေါ် မြန်မာက ပိုမို ယုံကြည်လာဖို့ ခရီးစဉ်က ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာခရီးစဉ်ဟာ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ၀န်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်ဖြစ်သလို အာဆီယံဥက္ကဋ္ဌတာဝန်နဲ့ နယ်မြေချင်း ဆက်စပ်နေပြီး ရေရှည်ဆက်ဆံရေးကောင်းတွေ ရှိတဲ့အတွက် အခုလို ရွေးချယ်တာလို့ ထိုင်းသံအမတ်ကြီးက ပြောပါတယ်။

ခရီးစဉ်အတွက် တိကျတဲ့ရက် မသတ်မှတ်ရသေးသလို ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန် အပါအ၀င် ရန်ကုန်ရောက် ထိုင်းနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ ထိုင်းနိုင်ငံသား ၂၀၀၀ လောက်ရှိနေပြီး အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေသလို ထိုင်းနိုင်ငံက နည်းပညာကုမ္ပဏီ ဌာနခွဲတွေမှာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013