DVB Logo
Home
နိုင်ငံတကာ
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ဇီဝလက်နက်အသုံးပြုခဲ့မှု သက်သေ တရုတ်ထုတ်ပြ
DVB
·
July 8, 2024
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ဇီဝလက်နက်အသုံးပြုခဲ့မှု သက်သေ တရုတ်ထုတ်ပြ
Donate to DVB

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် ရောဂါပိုးမွှားစစ်ဆင်ရေးတပ်ဖွဲ့ အမှတ် ၇၃၁ မှာ တာဝန်ထမ်းဆောင်တဲ့ ဂျပန်စစ်တပ် အမှုထမ်းတွေရဲ့ လုပ်ငန်းအသေးစိတ်ကို ဖော်ပြထားတဲ့ မှတ်ပုံတင်ပုံစံစာရွက် စုစုပေါင်း ၁၇၇ မျက်နှာကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ်ရဲ့ မြို့တော် ဟာဘင်မှာ ဇူလိုင် ၆ ရက်က ထုတ်ပြန်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာ CCTV က ဇူလိုင် ၇ ရက်မှာ ဖော်ပြပါတယ်။

လျှောက်လွှာတွေထဲမှာ ဆရာဝန်၊ ဒုဗိုလ်၊ ဆေးဝါးတွေ၊ စစ်ဘက်ဝန်ထမ်းတွေနဲ့ တခြားတပ်ဖွဲ့ဝင် အယောက် ၁၄၀ ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပါပါတယ်။

လင်းခိုတပ်ခွဲဟာ ၁၉၄၀ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်က တည်ထောင်ထားတဲ့ အကြီးဆုံးဌာနခွဲ ၄ ခုထဲက အကြီးကျယ်ဆုံးဌာနခွဲဖြစ်ပြီ 162nd မန်ချူးရီးယန်းတပ်လို့လည်း ခေါ်ပါတယ်။

ခုအကြိမ်ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေဟာ ပလိပ်ရောဂါစမ်းသပ်ရာမှာ အမှတ် ၇၃၁ တပ်ကို ပံ့ပိုးပေးတဲ့ အမှတ် 162nd မန်ချူးရီးယန်းတပ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ပေးထားပါတယ်။

ဒီလူတွေရဲ့အလုပ်ဟာ ဘက်တီးရီးယား စမ်းသပ်၊ ထုတ်လုပ်မှု၊ ဓာတ်ခွဲခန်းထဲက တိရစ္ဆာန်တွေကို ကျွေးမွေး၊ ပညာပေး လေ့ကျင့်ရေးအပြင် ကပ်ရောဂါကာကွယ်ရေး စတဲ့ အလုပ်တွေ ပါတယ်လို့ သုတေသီ ကျင်းရှီးချောင်က ဂျပန်အင်ပါယာစစ်တပ် အမှတ် ၇၃၁ တပ်ရင်းက ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားပြပွဲ ခန်းမမှာ ပြောပါတယ်။

ကိုယ်ရေးအချက်အလက် ဖိုင်တွေမှာ မှတ်တမ်းတင်ထားတဲ့ ကြွက်ဖမ်းတဲ့ လုပ်ငန်းတွေကို အရင်က နှုတ်ထွက်စကား သက်သေခံချက်တွေနဲ့ နှုတ်ထွက်စကားဆိုင်ရာ သမိုင်းဝင်ပစ္စည်းတွေနဲ့ အပြန်အလှန် အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီသမိုင်းမှတ်တမ်းတွေဟာ 162nd မန်ချူးရီးယန်းတပ်က အမှတ် ၇၃၁ တပ်နဲ့ ပေါင်းပြီး ပလိပ်ရောဂါ စမ်းသပ်ချက်တွေ လုပ်ဆောင်ပြီး ပလိပ်ရောဂါ ဘက်တီးရီးယားလက်နက်တွေ ထုတ်လုပ်ခဲ့တာအတွက် အတည်ပြုနိုင်ခဲ့တယ်လို့ ကျင်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီစာရွက်စာတမ်းတွေဟာ အမှတ် ၇၃၁ တပ်နဲ့ တခြားတပ်တွေကြား အချိတ်အဆက် ရှိနေတာကိုလည်း ပြထားပါတယ်။

အမှတ် ၃၇၁ တပ်ရင်းကို ၂၀ ရာစု ပထမနှစ်ဝက်မှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းကို ကျူးကျော်ခဲ့တဲ့ ဂျပန် ကန်တို တပ်မတော်က ဖန်တီးခဲ့ပါတယ်။

ဇီဝစစ်ဆင်ရေးမှာ ဂျပန် ကန်တို တပ်မတော်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် တိတိကျကျ ဖော်ထုတ်နိုင်ဖို့ အရေးကြီးတယ်၊ အမှတ် ၇၃၁ တပ်ရင်းက ပုလိပ်ရောဂါလက်နက်ကို လူသားနဲ့ စမ်းသပ်ရာမှာ လူ ၃,၀၀၀ ထက်မနည်းကို သုံးခဲ့ပြီး တရုတ်နိုင်ငံတဝန်းက လူ ၃ သိန်းကျော်ဟာ ဂျပန်နိုင်ငံရဲ့ ဇီဝလက်နက်တွေနဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း CCTV က ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013