DVB Logo
Home
နိုင်ငံတကာ
သမ္မတ ဘိုင်ဒင်နေရာတွင် ကမ်မလာဟဲရစ်ဖြင့် အစားထိုးရန် ဒီမိုကရက်များ သုံးသပ်
DVB
·
July 8, 2024
သမ္မတ ဘိုင်ဒင်နေရာတွင် ကမ်မလာဟဲရစ်ဖြင့် အစားထိုးရန် ဒီမိုကရက်များ သုံးသပ်
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ လူလုံးပြမဲဆွယ်ထွက်ပြီး သူ့စွမ်းဆောင်နိုင်ကြောင်း ပြသနေပေမဲ့ ဒီမိုကရက်တွေကတော့ လူစားထိုးခြင်းရဲ့ အကျိုးအပြစ်ကို ချိန်ဆနေကြပါတယ်။

သမ္မတရဲ့ ပြီးခဲ့တဲ့အပတ် စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကြောင့် နောက်တကြိမ်ပြိုင်ဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်း စွမ်းဆောင်ရည်ကို အလေးအနက်ထား မေးခွန်းထုတ်လာကြပါတယ်။ ဒါကိုချေဖျက်ဖို့ ABC သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးလုပ်ခါမှ ပိုဆိုးသွားပြန်ပါတယ်။

ဒီလို မရေရာမှုတွေ ဖြစ်နေချိန်မှာ ဘိုင်ဒင်ဟာ ထောက်ခံမှု မပြတ်သားတဲ့ ပြည်နယ်တွေထဲက တခုဖြစ်တဲ့ ပင်ဆယ်လ်ဗေးနီးယားက မဲဆွယ်လှုပ်ရှားမှုနှစ်ခုမှာ လူလုံးထွက်ပြခဲ့ပါတယ်။

ဇွန် ၇ ရက် ညနေပိုင်းမှာ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်ဂျက်ဖရီဟာ ဘိုင်ဒင်အရေးနဲ့ ပတ်သက်ပြီး ထိပ်တန်း ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ အစည်းအဝေး လုပ်ခဲ့ပါတယ်။

အတွင်းသတင်းတွေအရတော့  တွေ့ဆုံခဲ့တဲ့အထဲက ၄ ဦးက ဘိုင်ဒင် ထွက်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပြီး နောက်ထက် ၃ ဦးထက်မနည်းကလည်း နိုဝင်ဘာလမှာ ဘိုင်ဒင် နိုင်ပါ့မလားဆိုတာ သံသယရှိနေကြပါတယ်။

သမ္မတဟာ ထရမ့်ပ်ကို အနိုင်ရနိုင်တဲ့ အားမာန်မျိုး ရှိပါ့မလား ဆိုတာကို အမေရိကန်ပြည်သူတွေကြားမှာ မှန်မှန်ကန်ကန် မေးခွန်းထုတ်လာကြပြီလို့ ကယ်လီဖိုးနီးယားက ဒီမိုကရက်အမတ် အဒမ် ရှစ်ဖ်က ပြောထားပါတယ်။

သူဟာ ဒီလို ဘိုင်ဒင်ကို သံသယရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောတဲ့ ၅ ဦးမြောက် ဒီမိုကရက်ပါတီဝင် အောက်လွှတ်တော်အမတ် ဖြစ်ပါတယ်။

ဘိုင်ဒင် ထွက်လို့ ပေါ်တင်မပြောပေမဲ့ ပြိုင်သင့် မပြိုင်သင့် ဆိုတာကို ဓမ္မဒိဋ္ဌာန်ကျတဲ့ ကိုယ်နဲ့နီးစပ်တဲ့သူ မဟုတ်တဲ့သူတွေဆီက အကြံဉာဏ်ယူသင့်တယ်လို့ ရှစ်ဖ်က ပြောပါတယ်။

တချို့ ဒီမိုကရက်ခေါင်းဆောင်တွေကျတော့လည်း ဝင်ပြိုင်ဖို့ ရွေးပြီးသားဖြစ်တဲ့အတွက် ဘိုင်ဒင်ကိုပဲ ဆက်ဝန်းရံပေးဖို့ တောင်းဆိုထားကြပါတယ်။

တချို့ကတော့ ကြားနည်းလမ်းအဖြစ် လက်ရှိ ဒုတိယသမ္မတလည်းဖြစ်တဲ့ အခုတခါလည်း ဒီနေရာအတွက်ပဲ ထပ်ပြိုင်မှာဖြစ်တဲ့ ကမ်မလာဟဲရစ်နဲ့ အစားထိုးလိုက်တာဟာ ကြားကျသလို နည်းမှန်လမ်းမှန်လည်း ဖြစ်တယ်လို့ သုံးသပ်နေကြတာလည်း ရှိပါတယ်။

ဒုသမ္မတအဖြစ် အတွေ့အကြုံ ၄ နှစ်လည်းရှိထားပြီဖြစ်တဲ့ အသက် ၅၉ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီးသမ္မတလောင်း ဟဲရစ်သာဆိုရင် ထရမ့်ပ်ကို နိုင်နိုင်တယ်လို့ သုံးသပ်နေကြတာလည်း ရှိပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013