DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ ဆန်အရည်အသွေး စစ်ဆေးမှုစာချုပ်ချုပ်ဆို
DVB
·
September 25, 2014
တရုတ်-မြန်မာ ဆန်အရည်အသွေး စစ်ဆေးမှုစာချုပ်ချုပ်ဆို
Donate to DVB

တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းကနေ ဆန်တင်ပို့နိုင်ရေး ပထမခြေလှမ်းအဖြစ် နှစ်နိုင်ငံ ၀န်ကြီးတွေဟာ ဆန်စပါးအရည်သွေးအပိုင်းနဲ့ စစ်ဆေးရေးပိုင်းဆိုင်ရာ စာချုပ် (AQSIQ) နဲ့ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးကြပါတယ်။

[caption id="attachment_65975" align="alignright" width="300"]ဓာတ်ပုံ - ဦးရဲမင်းအောင် ဓာတ်ပုံ - ဦးရဲမင်းအောင်[/caption]

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဒေါက်တာစိုးထွန်းက “မနေ့က နေ့လယ် က နှစ်နိုင်ငံ တရုတ်နဲ့ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးနှစ်ယောက် လက်မှတ်ထိုးကြပါတယ်။ AQSIQ ဆိုတာကတော့ နှစ်နိုင်ငံ အရည်အသွေးနဲ့ပတ်သက်ပြီး သဘောတူညီချက်ပေါ့။ ဆန်စပါးအရည်အသွေး စစ်ဆေးတာနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောတူညီချက်ရတာပေါ့နော်။ ဘာတွေစစ်ဆေးရမယ်။ ဘာတွေကိုတော့ ရှောင်ရမယ်။ ဘာတွေလိုက်နာရမယ်ဆိုတာတွေ” လို့ ပြောပါတယ်။

AQSIQ အတွက် လက်မှတ်ထိုးပြီးပေမယ့် မြန်မာ့ဆန်ကို တရားဝင်တင်ပို့မှုကို တရုတ်က ချက်ချင်းလက်ခံဦးမှာ မဟုတ်သေးဘဲ ဒုတိယအဆင့်အနေနဲ့ အစိုးရ ချင်းလက်မှတ်ထိုးတဲ့အဆင့်ကို ဖြတ်သန်းရဦးမှာဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနက ရေးထိုးရမယ်လို့ သူက ရှင်းပြပါတယ်။

အစိုးရချင်း ဆောင်ရွက်ကြရမှာဖြစ်လို့ ရက်အတိအကျ မပြောနိုင်ပေမယ့် လပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

AQSIQ - Adminstration of QualitySupervisi on Inpection and Quarantine ဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းအရည်အသွေးထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့က တင်သွင်းကုန်တွေအပေါ် အရည်အသွေး ချမှတ်ခွင့်ပြုတာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲမှာ တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးကို ဦးစားပေးမှာဖြစ်ကြောင်း နဲ့ ယူနန်ပြည်နယ်ဈေးကွက်ကို မြန်မာ့ပို့ကုန်ဈေးကွက်အဖြစ် မှတ်ယူကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုးထွန်းက “ယူနန်ပြည်နယ်က ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် တခြားနေရာက သင်္ဘောတင်ရင် ဈေးပိုကြီးပါတယ်။ ကျနော်တို့ရဲ့ မူဆယ်လမ်းကြောင်းကို သုံးခြင်းအားဖြင့် သူတို့အတွက် ပိုအကျိုးရှိတာပေါ့နော်။ အဲဒီတော့ ဒီလမ်းကြောင်းကို ဆက်ပြီးတော့မှ ၀ယ်ယူဖို့အတွက် သဘောတူညီတဲ့သဘောပါပဲ” လို့ ပြောပါတယ်။

လက်ရှိကာလမှာ တရုတ်နိုင်ငံမှာ စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက တရုတ်လယ်သမားတွေကို အကာအကွယ်ပေးရေးမူဝါဒအရ ပြည်ပက တရားမ၀င်တင်သွင်းတဲ့ ဆန်တွေကို ဖမ်းဆီးနေတာကြောင့် မြန်မာဆန်တွေ မူဆယ်မှာ တင်ပို့နိုင်ခြင်းမရှိဘဲ အခက်တွေ့နေရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါးပြည်ပတင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး မြန်မာဘက်က တရားဝင်တင်ပို့ခွင့်ပြုပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တရားဝင်တင်သွင်းခွင့်လက်ခံတာ မဟုတ်ပါဘူး။

မြန်မာရဲ့အဓိက ဆန်တင်ပို့တဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ တရားဝင်ဆန်တင်ပို့ခွင့်ရရှိရေး ခြေလှမ်းတွေ တိုးမြင့်လာနေချိန်မှာ နိုင်ငံတွင်း လယ်ယာမြေသိမ်းဆည်းမှုပြဿ နာ။ ငွေအရင်းနှီးနဲ့ နည်းပညာချို့တဲ့မှု လယ်ယာလုပ်သားရှားပါးမှု အခက်အခဲတွေရှိသလို ရင်းနှီးမြှုပ်နှံသူတွေကလည်း လယ်ယာကဏ္ဍမှာ မြှုပ်နှံဖို့ တွန့်ဆုတ်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013