DVB Logo
Home
နိုင်ငံတကာ
ပြုပြင်ပြောင်းလဲရေးသမား  ခွဲစိတ်ဆရာဝန်ကြီး အီရန်သမ္မတအဖြစ် ရွေးကောက်ခံရ
DVB
·
July 6, 2024
ပြုပြင်ပြောင်းလဲရေးသမား  ခွဲစိတ်ဆရာဝန်ကြီး အီရန်သမ္မတအဖြစ် ရွေးကောက်ခံရ
Donate to DVB

အီရန်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ ပြုပြင်ပြောင်းလဲရေးဝါဒီ ခွဲစိတ်ဆရာဝန်ကြီး မာဆွတ်ပက်ဇက်ရှ်ခီယန်ဟာ သဘောထားတင်းမာတဲ့ရှေးရိုးစွဲပြိုင်ဘက် ဆာအိဂျာလီလီကို အနိုင် ရတယ်လို့ တရားဝင်ထုတ်ပြန်တဲ့မဲရလဒ်မှာ ဖော်ပြပါတယ်။ 

မဲသန်း ၃၀ ကျော် ရေတွက်ပြီးချိန်မှာ ဒေါက်တာ ပက်ဇက်ရှ်ခီယန်က မဲ ၅၃ ဒသမ ၃ ရာခိုင်နှုန်း ရရှိထားပြီး ဂျာလီလီက ၄၄ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ 

ဇွန် ၂၈ ရက်က သမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ မဲထက်ဝက်ကျော်ရသူမရှိတာကြောင့် မဲအများဆုံးရသူ ၂ ဦး ဇူလိုင် ၅ ရက်မှာ ထပ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ပထမအကျော့တုန်းကမဲလာပေးသူ ၄၀ ရာခိုင်နှုန်းကျော်သာရှိခဲ့ပြီး သမိုင်းတလျှောက် အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ 

သမ္မတ အီဘရာဟင်မ်ရိုင်ဆီ ရဟတ်ယာဉ်ပျက်ကျကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့ရတာဖြစ်ပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာနက မဲရလဒ် မကြေညာခင်မှာပဲ ဒေါက်တာ ပက်ဇက်ရှ်ခီယန်ကို ထောက်ခံသူ တွေက လမ်းပေါ်ထွက် အောင်ပွဲခံနေကြပြီဖြစ်ပါတယ်။ 

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နှလုံးခွဲစိတ်ဆရာဝန်ကြီးဟာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ရတဲ့အထဲမှာ တဦးတည်းသော သဘောထားပျော့ပြောင်းသူလို့ သတ်မှတ်ခံရသူဖြစ်ပါတယ်။ 

သူဟာ အီရန်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကိုယ်ကျင့်တရား ထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဝေဖန်သူ ဖြစ်သလို အီရန်ဟာ ကမ္ဘာကြီးနဲ့ဝေးကွာ အထီးကျန်ဖြစ်နေမှု အဆုံးသတ်ရေး ကြိုးပမ်းမယ်လို့ ကြွေးကြော်ထားသူဖြစ်ပါတယ်။ 

အီရန်မှာ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာခါမေနီကသာ အဓိက အာဏာရှိတာ ဖြစ်ပါတယ်။ 

သမ္မတဝင်ပြိုင်ချင်တဲ့သူတွေကိုတောင် စိစစ်ရေးအဖွဲ့က စစ်ထုတ်ပြီး သူတို့ ခွင့်ပြုသူသာ ပြိုင်ရတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာတောင် အီရန်ပြည်သူတွေက ရွေးလို့ရတဲ့အထဲက သဘောထား အပျော့ပြောင်းဆုံးလို့ ယူဆသူကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013