DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်တွေထဲ ရေစတင်ဝင်ရောက်လာ
DVB
·
July 6, 2024
ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်တွေထဲ ရေစတင်ဝင်ရောက်လာ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ကမ်းမှာရှိတဲ့ ဟုမ္မလင်းမြို့မှာ ဇူလိုင် ၅ ရက် မနေ့မနက်ပိုင်းကစတင်ကာ မြစ်ရေမြင့်တက်လာပြီး ရပ်ကွက်တွေထဲ ရေတွေ စတင်ဝင်ရောက်လာတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဇွန်လပိုင်း ဒုတိယအပတ်ကစတင်ကာ မြစ်ဖျားပိုင်းက အဆက်မပျက်မိုးရွာသွန်းကာ ရှိဆဲမြစ်ရမျက်နှာပြင်ထက် ၇ ပေလောက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒေသခံ‌တဦးက “ ဒီလ၊ ဒီအချိန်ကတော့  မြစ်ရေက ပုံမှန်မြင့်တက်နေကျပါပဲ။ ဒီနေ့ မနက်ပိုင်းက တော့ကျနော်တို့ ဟုမ္မလင်းမြို့ကတော့ ဒီနေ့ မနက်ခင်းကစတင်ပြီး  မြို့ထဲရေဝင်လာတယ်။ ရေကြီးလာလို့ မြို့ခံတွေကတော့ ပြောင်းရွှေ့ကြတာမျိုး သိပ်မတွေ့ရသေးဘူး”လို့ ပြောပါတယ်။

ချင်တွင်းမြစ်ရေဟာ အရင်နှစ်တွေက အခုလို ရေကြီးလာပြီး ဟုမ္မလင်းမြို့ထဲက ရပ်ကွက်ထဲ ရေဝင်လာပြီဂ  ၁၀ ရက်၊ ၁၅ ရက်လောက်မှာ  မြစ်ရေပြန်လည်ကျဆင်းလေ့ရှိတယ်လို့လည်း သိရပါတယ်။

“ညနေ ၇ နာရီ နောက်ဆုံး ချင်းတွင်းမြစ်ရေ တိုင်းထွာချက်အရ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၂၉၀၀စင် တီမီတာအားကျော်လွန်ပြီး ၃၀၅၆ စင်တီမီတာအထိရောက်ရှိနေ ပါတယ်ဗျ။ မြစ်‌ရေက ဒီထက်မက တိုးလာဦးမယ်ဆိုရင်တော့ မြို့သူ၊ မြိုသားတွေ နေရပ်စွန်ခွာပြီး ဘေးလွတ်ရာမှ နေဖို့သင်တယ်လို့ လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့ ခေါင်းဆောင်တဦးက  ပြောပါတယ်။

ဇူလိုင် ၁ ရက် မိုးဇလရဲ့ ၁၀ ရက်တာခန့်မှန်းထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူစတဲ့မြို့တွေမှာ ၆ ပေမှ ၁၀ ပေခန့်၊ ချင်းတွင်းမြစ်ရေဆိုရင်လည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မြင်းမူစတဲ့မြို့တွေမှာ ၈ ပေမှ ၁၃ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013