DVB Logo
Home
မြန်မာသတင်း
ရွှေပေါက်ကံတွင် ငွေလာလွှဲသည့် အမျိုးသမီး ၃ ဦးထံမှ ၁၀,၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ
DVB
·
July 5, 2024
ရွှေပေါက်ကံတွင် ငွေလာလွှဲသည့် အမျိုးသမီး ၃ ဦးထံမှ ၁၀,၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ဇူလိုင် ၄ ရက် မနက်က Wave Money ဆိုင်မှာ ငွေလာလွှဲတဲ့ အမျိုးသမီး ၃ ဦးကို တသောင်းတန် ငွေစက္ကူအတုတွေနဲ့ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပေါက်ကံမြို့သစ်၊ ၂၁ ရပ်ကွက်၊ ပေါက်ကံလမ်းမှာ ဖွင့်ထားတဲ့ သက်သာဆေးဆိုင်ကို မနေ့မနက်က အမျိုးသမီး ၃ ဦး ငွေလာလွှဲရာ တသောင်းတန်ငွေစက္ကူတွေမှာ အတုတွေဖြစ်နေလို့ ရဲစခန်းက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဆေးဆိုင်မှာ wave money က ငွေလာလွှဲတာ၊ ၂ သိန်းကျော်တခါ ၃ သိန်းတခါ ငွေလွှဲပြီးပေးတဲ့ ပိုက်ဆံတွေ ဆိုင်ရှင်ကစစ်လိုက်တော့ အတုတွေဖြစ်နေလို့ ရဲစခန်းကို ဖုန်းဆက်လိုက်တာ ရဲတွေ လာခေါ်သွားတယ်။”

သက်သာဆေးဆိုင်မှာ ငွေလာလွှဲတဲ့ အမျိုးသမီး ၃ ဦးကို ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူထားပြီး စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး ရွှေပေါက်ကံနယ်မြေရဲစခန်းကို ခေါ်သွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တချို့ကလည်း အတုမှန်း အစစ်မှန်း မသိဘူး။ ကလေးမလေးတွေက သိလို့ လာလွှဲတာ မဟုတ်ဘူး။ ဆိုင်ကဖုန်းဆက်မှ အတုဆိုတာသိတာ။ ရဲစခန်းအနေနဲ့ သေချာစစ်စေချင်တယ်။ မသိနားမလည်တဲ့သူတွေ ထောင်မကျစေချင်ဘူး။”

လတ်တလောမှာ ငွေစက္ကူအတုတွေ လက်ဝယ်တွေ့ရှိသူ မသန္တာအေးနဲ့ အမျိုးသမီး ၂ ဦးကို ရွှေပေါက်ကံနယ်မြေ ရဲစခန်းက ဗဟိုဘဏ်ဥပဒေပုဒ်မနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ငွေစက္ကူအတု ရောင်းဝယ်မှု ၁၇၂ မှုကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013