
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေ အပန်းဖြေခရီးစဉ်တွေကို လေယာဉ်နဲ့ သွားချင်သူတွေ အတွက် ရန်ကုန်- ပုသိမ် ခရီးစဉ် ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ ပြည်တွင်းလေကြောင်း ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
မကြာသေးခင်ကမှ မြန်မာ့လေကြောင်းက ၀ယ်ယူထားတဲ့ Grand Caravan လေယာဉ်နဲ့ Beech Craft လေယာဉ် ၂ စီး အသုံးပြုပြီး ပြေးဆွဲဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဒီလေယာဉ်တွေကို စင်းလုံးငှား လေယာဉ်တွေအဖြစ်လည်း ငှားရမ်းနေပြီး Grand Caravan လေယာဉ် ၁ နာရီ ကျပ် ၇ သိန်းခွဲ၊ Beech Craft ကို ၁ နာရီ ကျပ် ၁၉ သိန်း ဈေးနှုန်း သတ်မှတ်ထားပါတယ်။ ပုသိမ် ခရီးစဉ်ကတော့ ခရီးသည် ရ၊ မရ အခြေအနေပေါ် မူတည်ပြီးမှ ပြေးဆွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။











