DVB Logo
Home
မြန်မာသတင်း
ဘုတလင် စစ်ကောင်စီအထိုင်စခန်း ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ရမည်းသင်းအချုပ်ကား လုံခြုံရေးရဲများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး
DVB
·
July 5, 2024
ဘုတလင် စစ်ကောင်စီအထိုင်စခန်း ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ရမည်းသင်းအချုပ်ကား လုံခြုံရေးရဲများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ စစ်ကောင်စီ အထိုင်စခန်းကို ဇူလိုင် ၄ ရက် ညနေ ၃ နာရီလောက်က ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လာတဲ့ဒရုန်းတွေက လေယာဉ်ပုံစံလေးတွေဗျ။ အသံကလည်း အတော်ကျယ်တယ်။ လာတဲ့နေရာတွေက မြို့ရဲ့တောက်ဘက်၊ မြောက်ဘက်တွေကနေ တစီးပြီး တစီးတက်လာတာ။ ဗုံးချတဲ့နေရာတွေကလည်း တိကျတယ်ဗျ။ စစ်ကောင်စီစခန်းတည့်တည့်တွေစီကို တန်းနေအောင် ချတာ။ ပေါက်ကွဲအသံတွေလည်း ကြားရတယ်။‌ အော်ဟစ်ဆဲဆိုတဲ့ အသံတွေလည်း ကြားရတယ်။ ဘာတွေဖြစ်မယ်တော့ အတိအကျမသိရဘူး။ စစ်ကောင်စီနဲ့ဆိုင်တဲ့ စခန်း တွေကတော့ ပြည်သူကလည်း မသွားသလို စစ်ကောင်စီဘက်ကလည်း ဝင်၊ ထွက်ခွင့် ကန့်သတ်ထားတယ်။” 

ဘုတလင်မြို့က စစ်ကောင်စီအထိုင်စခန်းကို Chindwin brothers Drone အဖွဲ့၊ ကျောက်လုံးကြီး Drone အဖွဲ့၊ ဗျဝိဗျတ္တညီနောင်အဖွဲ့၊ အနောနီးမတ် ဟီးရိုးအဖွဲ့၊ မြိုနယ်အုပ်ကြီးအဖွဲ့၊ တပင်ရွှေထီးအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ ဘုတလင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

“ကျနော်တို့ ဘုတလင်မြို့ပေါ်က စ(-) များ အထိုင်ချထားတဲ့ ဘောလုံးကွင်း၊ ရဲစခန်းနဲ့ စားသင်ကျောင်းတို့ကို ဒရုန်းယာဉ်နဲ့ ၆၀ မမ ၉ လုံးချ တိုက်ခိုက်ခဲ့တာပါဗျ။ စစ်သား အသေအပျောက်ကတော့ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်။” 

ဘုတလင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူတွေ နေရပ်စွန်ခွာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ရဲအချုပ်ကားကို လုံခြုံရေးယူပြီး ဆိုင်ကယ်စီးနင်း လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၄ ရက် မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိပါတယ်။

တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “ရမည်းသင်းကနေ အချုပ်သားတွေ ခေါ်လာတဲ့ အချုပ်ကားကို လုံခြုံရေးလိုက်ပါလာတဲ့ ရဲတွေစီးလာတဲ့ဆိုင်ကယ် ၁ စီးကို ရွှေဒါးရွာရဲ့တောင်ဘက် စက်မှု ၁ စက်ရုံနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့​တာ” လို့ DVB ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ရမည်းသင်း ပကဖ၊ ပျော်ဘွယ် ပကဖ တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ဆိုင်ကယ်စီးလာတဲ့ ရဲ ၂ ကောင်ကတော့ နေရာမှာတင် လစ်သွားတာ မြင်ခဲ့ရတယ်။ အသွားအလာတွေ ရှုပ်လာလို့ လက်နက်တွေတော့ မကောက်ခဲ့ဘဲ ပြန်ဆုတ်ခဲ့တယ်” လို့ မိုင်းဆွဲတိုက်ခိုက်ရာမှာ ပါ၀င်ခဲ့တဲ့ ရမည်းသင်း ပကဖ ရဲဘော်တဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013