DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ ပြည်သူ့အခြေပြုကျောင်းပေါင်း ၉၀ ကျော် ဖွင့်လှစ်သင်ကြားနေ
DVB
·
July 4, 2024
ဂန့်ဂေါမြို့နယ်၌ ပြည်သူ့အခြေပြုကျောင်းပေါင်း ၉၀ ကျော် ဖွင့်လှစ်သင်ကြားနေ
Donate to DVB

မကွေးတိုင်း၊ ယောဒေသ  ဂန့်ဂေါမြို့နယ်မှာ အခုပညာသင်နှစ်အတွင်း ပြည်သူ့အခြေပြုကျောင်းပေါင်း ၉၀ ကျော်ဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူ ၁၇၀၀၀ကျော် တက်ရောက်ပညာသင်ကြားနေကြရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ပြည်သူအခြေပြုကျောင်းတွေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းတတ်ရောက်တဲ့ ကျောင်းသားကျောင်းသူ ၁၇၀၀၀ ကျော်ရှိပြီလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ဇွန် ၃ ရက်ကစလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာသင်ကြားရေးအတွက် ပြည်သူ့အခြေပြုကျောင်းပေါင်း ၉၈ ကျောင်းကျော် ဖွင့်လှစ်ထားပြီလို့ ဆိုပါတယ်။

ဆရာမ ဒေါ်ဇာမဏိက “ အရင်နှစ်တွေထက် အခုနှစ်က ပိုပြီး အရှိန်ရလာတယ်။ အရင်ထက် ပုံမှန်လည်ပတ်လာပါတယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာတဲ့အတွက် စိုးရိမ်ထိတ်လန့်မှုတွေကြားကနေ အရဲစွန့်ပြီး လုပ်နေကြရပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေ မကြာခဏ လုပ်ဆောင်နေတဲ့အတွက် မူလတန်း စာသင်ကျောင်းတွေကို ကျေးရွာအတွင်းက အိမ်တွေမှာဘဲ နေအိမ်အခြေပြု စာသင်ကျောင်းတွေအဖြစ် ဖွင့်လှစ်နေရတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်တဲ့ ရက်တွေမှာတော့ စာသင်ကျောင်း တချို့ကို မကြာခဏ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ဆရာငြိမ်းသူရက “အရင်နှစ်တွေကတော့ ပြည်သူ့အခြေပြုကျောင်းတွေဖြစ်တဲ့အတွက် အခြေခံပညာကျောင်းတွေမှာ ဖွင့်ပေမဲ့ အခုနှစ်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာတဲ့အတွက် စာသင်ကျောင်းတွေနဲ့ ရွာထဲက အိမ်တွေမှာ သင်တာတွေလည်း ရှိတယ်။ ဒီနှစ်မှာ လေယာဉ်ကို ပိုပြီးတော့ ဂရုစိုက်နေရတယ်”လို့ ပြောပါတယ်။

ယောဒေသအတွင်းကို စစ်ကောင်စီတပ်က ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ကျောင်းသုံးပစ္စည်းတွေ သယ်ယူတာကို ကန့်သတ်ထားပြီး သိမ်းယူမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

ဂန့်ဂေါမြို့နယ်က စာသင်ကျောင်းတွေမှာ CDM ဆရာ၊ ဆရာမ ၅၃၄ ယောက်အပါအဝင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၆၀၀ ကျော်က စာသင်ကြားပေးနေပြီး ကျောင်းဝတ်စုံကိုတော့ အကျီအဖြူနဲ့ လုံချည်အပြာရောင်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဆရာမ ဒေါ်ဇာမဏိက “ မိဘတွေက ဆရာ၊ ဆရာမတွေကို ဂါရပြုတဲ့အနေနဲ့ ကျောင်းသားမိဘတွေက အတန်းလိုက်ကောက်ခံပြီး ပေးကြတာရှိတယ်၊ တရွာနဲ့ တရွာတော့ မတူကြပါဘူး၊ ကျောင်းသားဦးရေနဲ့ ဆရာမ ဦးရေတွေက”လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းမှာ ပြည်သူ့အခြေပြုကျောင်းတွေကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ပေမဲ့ ဆရာ၊ ဆရာမ မလုံလောက်မှုမရှိတာနဲ့ ကျောင်းသုံးစာအုပ် မလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013