DVB Logo
Home
မြန်မာသတင်း
လားရှိုး လေယာဉ်ခရီးစဉ်များ ယနေ့ဖျက်သိမ်း
DVB
·
July 3, 2024
လားရှိုး လေယာဉ်ခရီးစဉ်များ ယနေ့ဖျက်သိမ်း
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လားရှိုးလေယာဉ်ခရီးစဉ်တွေ အားလုံးကို ဇူလိုင် ၃ ရက်ကစပြီး ရွှေ့ဆိုင်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနတွေကနေ  သိရပါတယ်။

လားရှိုးမြို့မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ Myanmar Airways International Mingalar Airline က ပျံသန်းပြေးဆွဲပေးနေတဲ့ လားရှိုးခရီးစဥ်တွေကို ဒီနေ့ ဇူလိုင် ၃ ရက်မှာ ခရီးစဥ်ဖျက်သိမ်းထားတယ်လို့ Fly With Dream ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် အရောင်းဌာနတာဝန်ရှိသူက ပြောပါတယ်။

"လေကြောင်းခရီးစဥ်ကို ဘယ်နေ့ထိဖျက်သိမ်းမယ်ဆိုတာတော့ အတိအကျမသိသေးပါဘူး။ ဒီနေ့တရက်ကိုတော့ ခရီးစဥ်ဖျက်သိမ်းထားခိုင်းပါတယ်။ တချို့ခရီးသည်တွေအနေနဲ့ Airline ကတိုက်ရိုက်ဝယ်တာဆိုရင် Airline ကို ဖုန်းဆက်မေးရမှာဖြစ်သလို ခရီးသွား Agent တွေကတဆင့် ဝယ်တာဆိုရင် ပြန်ဆက်သွယ်ပြီးစုံစမ်းရပါမယ်။ ကျမတို့က လေကြောင်းလိုင်းရဲ့ ကြေငြာချက်အပေါ်မူတည်ပြီး ပြန်လည်ဖြေကြားရတာပါ။”

ဒါ့အပြင် ဒီနေ့ ဇူလိုင် ၃ ရက် မနက် ၈ နာရီဝန်းကျင်က လားရှိုးမြို့၊ ရပ်ကွက် ၁၊ ဗျူဟာလမ်းအောက်၊ သာယာလမ်းရှိ နေအိမ်နှစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက မနေ့က ဇူလိုင် ၂ ရက် ညပိုင်းက စတင်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိမှာ လားရှိုးမြို့အဝင်၊ အထွက်နေရာတွေကို စစ်ကောင်စီဘက်က ပိတ်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013