DVB Logo
Home
မြန်မာသတင်း
ထောင်ချခံရသည့် လယ်သမား ၃၀၀ ကျော်ရှိ
DVB
·
September 24, 2014
ထောင်ချခံရသည့် လယ်သမား ၃၀၀ ကျော်ရှိ
Donate to DVB

[caption id="attachment_65873" align="alignright" width="300"]ဇူလိုင်လက ထောင်ဒဏ်ချမှတ်ခံရသည့် ထားဝယ်လယ်သမား တချို့ ဇူလိုင်လက ထောင်ဒဏ်ချမှတ်ခံရသည့် ထားဝယ်လယ်သမား တချို့[/caption]မြန်မာနိုင်ငံမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားရင်း တရားစွဲ ထောင်ချခံရတဲ့ တောင်သူလယ်သမား အယောက် ၃၀၀ ကျော်ရှိနေပြီလို့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ မနစ်နာစေရေး စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ဆွေးနွေးချိန် သူက ခုလို ပြောဆိုခဲ့တာပါ။

အဲဒီတောင်သူတွေဟာ ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၊ လက်ပံတောင်း ၀န်းကျင် နဲ့ နေပြည်တော် ပုဗ္ဗသီရိ ၀ဲကြီး ကျေးရွာက လယ်သမားတွေလည်း ပါဝင်ပြီး ရာဇသတ်ကြီး ပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချ ခံထားရတယ်လို့ သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013