DVB Logo
Home
နိုင်ငံတကာ
Inside Out 2 ရုပ်ရှင် ၃ ပတ်မပြည့်မီ ဒေါ်လာ ၁ ဘီလီယံကျော်ရ
DVB
·
July 2, 2024
Inside Out 2 ရုပ်ရှင် ၃ ပတ်မပြည့်မီ ဒေါ်လာ ၁ ဘီလီယံကျော်ရ
Donate to DVB

Pixar အန်နီမေးရှင်းစတူဒီယိုက ထုတ်လုပ်တဲ့ Inside Out 2 ဇာတ်ကားဟာ ၃ ပတ် မပြည့်သေးခင်မှာပဲ ကမ္ဘာတဝန်း ရုံတင်ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော်သွားခဲ့တယ်လို့ ဝေါ့ဒစ္စနေ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒါဟာ အန်နီမေးရှင်းရုပ်ရှင်သမိုင်းမှာ အမြန်ဆုံး ဝင်ငွေ ၁ ဘီလီယံကျော်တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက်လည်း ဝင်ငွေအကောင်းဆုံးနဲ့ ဒေါ်လာ ၁ ဘီလီယံကျော် ရထားတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်လာပါတယ်။

မိန်းကလေးငယ်လေးတဦးရဲ့ အတွင်းစိတ်ခံစားချက်တွေကို အကောင်လေးတွေအဖြစ် ဖော်ကျူးထားတဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Inside Out ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။

Inside Out 2 မှာတော့ အဓိကဇာတ်ကောင် ရိုင်လေဟာ ဆယ်ကျော်သက်ဖြစ်လာပြီး ခံစားချက်သစ်တွေဖြစ်တဲ့ anxiety (စိုးရိမ်ကြောင့်ကြမှု) နဲ့ envy (အားကျမှု၊ မနာလိုမှု) ဆိုတဲ့ ခံစားချက် အသစ်တွေနဲ့ ရင်ဆိုင်ရပုံကို ဖော်ကျူးထားပါတယ်။

မူလ Inside Out ဇာတ်ကားဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၈၅၈ သန်းကျော် ရရှိခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013