DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် သမ္မတဘဝ လုပ်ရပ်များ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိဟု တရားရုံးချုပ် ဆုံးဖြတ်
DVB
·
July 2, 2024
ထရမ့်ပ် သမ္မတဘဝ လုပ်ရပ်များ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိဟု တရားရုံးချုပ် ဆုံးဖြတ်
Donate to DVB

ဒေါ်နယ်ထရမ့်ပ် သမ္မတဖြစ်စဉ်က ဖွဲ့စည်းပုံအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာဘောင်အတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တရားစွဲဆိုလို့ မရနိုင်ဘူးလို့ အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ဒါဟာ သမ္မတမှာ တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ ပထမဆုံးအကြိမ် အသိအမှတ်ပြုလိုက်တဲ့ စီရင်ချက်ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို အရေးနိမ့်ခဲ့တဲ့ကိစ္စကို ပယ်ဖျက်ဖို့ အားထုတ်ခဲ့မှု အပါအဝင် လုပ်ရပ်တွေအတွက် ဖက်ဒရယ်ပြစ်မှုကြောင်းအရ ထရမ့်ပ်မှာ ကင်းလွတ်ခွင့် မရှိကြောင်း အောက်ရုံးဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးချုပ် တရားသူကြီး ၉ ဦးမှာ ၆ မဲ - ၃ မဲနဲ့ ကင်းလွတ်ခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးချုပ်က ကွန်ဆာဗေးတစ်တရားသူကြီး ၆ ဦးစလုံးက ကင်းလွတ်ခွင့်ရှိကြောင်း ဆုံးဖြတ်တာဖြစ်ပြီး လစ်ဘရယ်တရားသူကြီး ၃ ဦးက ကန့်ကွက်ခဲ့ပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေကို ကွယ်လွန်ချိန် ဒါမှမဟုတ် ကာယကံရှင်က အနားယူမယ်လို့ ကြေညာမှ အစားထိုးလို့ရတာဖြစ်ပြီး သမ္မတက အဆိုပြု၊ အထက်လွှတ်တော်မှာ မဲခွဲအတည်ပြုရတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လစ်ဘရယ်အမြင်ရှိသူနဲ့ ကွန်ဆာဗေးတစ်အမြင်ရှိသူ မျှမျှတတ ပါဝင်လေ့ရှိပါတယ်။

ရီပတ်ဘလီကန်သမ္မတ ထရမ့်ပ် လက်ထက်မှာ ၃ ဦးတောင် ခန့်နိုင်ခဲ့တဲ့အတွက် ကွန်ဆာဗေးတစ် အမြင်ရှိသူ အရေအတွက်က ၆-၃ နဲ့ အပြတ်သာသွားခဲ့ပါတယ်။

ဒါကြောင့်  နောက်ပိုင်း ဆုံးဖြတ်ချက်တွေမှာ ရီပတ်ဘလီကန်ပါတီရဲ့ မူဝါဒ ရပ်တည်ချက်တွေ နဲ့ ကိုက်ညီတဲ့ ရှေးရိုးစွဲအမြင်ရှိတဲ့ ဆုံးဖြတ်ချက်မျိုးတွေ များလာတာ တွေ့ရပါတယ်။

တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က“အာဏာခွဲဝေကျင့်သုံးသော ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံစနစ်အရ သမ္မတဟောင်းတဦးသည် ၎င်းတာဝန်ယူစဉ် တရားဝင် ဆောင်ရွက်ခဲ့သော လုပ်ရပ်များအတွက် ပြစ်မှုကြောင်းအရ တရားစွဲဆိုမှု ကင်းလွတ်ခွင့်အချို့ရှိရန် သမ္မတအာဏာသဘာဝအရ လိုအပ်သည်ဟု ကောက်ချက်ချရပေမည်” လို့ စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013