DVB Logo
Home
မြန်မာသတင်း
ကရင်လူငယ် ၁ ဦး အမေရိကန်ရဲ ပစ်ခတ်မှုကြောင့် သေဆုံး၊ တရားမျှတမှုရရေး တောင်းဆို (ရုပ်သံ) 
DVB
·
July 1, 2024
ကရင်လူငယ် ၁ ဦး အမေရိကန်ရဲ ပစ်ခတ်မှုကြောင့် သေဆုံး၊ တရားမျှတမှုရရေး တောင်းဆို (ရုပ်သံ) 
Donate to DVB

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့မှာ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ  ဒေသအချိန် ဇွန် ၂၈ ရက်ညပိုင်းက မန်ဟက်တန် အနောက်မြောက်ဘက် မိုင် ၂၄၀ လောက်အကွာ ယူတီကာမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက အရင်တနေ့က လက်နက်ကိုင် ဓားပြမှုဖြစ်ပွားခဲ့တဲ့တဲ့နေရာမှာ မသင်္ကာဖွယ် လူ ၂ ဦးနဲ့ ပုံစံတူတဲ့ လူငယ်နှစ်ဦး ရောက်ရှိနေတယ်ဆိုတဲ့ သတင်းပေးချက်အရ ဖမ်းဆီးဖို့ ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

Nyah Mway (ညမွှေး)လို့ အမည်ရတဲ့ အဆိုပါ ကရင်လူငယ်ဟာ သူ့သူငယ်ချင်း တခြား ကောင်‌လေးတယောက်နဲ့ လမ်းလျှောက်လာချိန်မှာ ရဲအရာရှိ ၃ ဦးက ရပ်တန့်စစ်ဆေးခဲ့တာမှာ  Nyah Mway က ထွက်ပြေးခဲ့လို့ သူ့နောက်ကို လိုက်လံဖမ်းဆီးခဲ့ကြတာပါ။

အဲဒီနောက် လိုက်လံဖမ်းဆီးရင်း မြေပြင်ပေါ် လဲကျသွားတဲ့ လူငယ်ကို ရဲအရာရှိတဦးက လုံးထွေးဖမ်းဆီးနေချိန်မှာ သူ့ဆီမှာ သေနတ်တွေ့ရှိတာကြောင့် နောက်တဦးက သေနတ်နဲ့ ပစ်လိုက်တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ယူတီကာမြို့ရဲချုပ်တော့ ရဲတပ်ဖွဲ့က အဆိုပါလူငယ်ဆီမှာ သေနတ်တွေ့ရှိခဲ့ရတာကြောင့် ခုလို ပစ်ခတ်ဖို့ လုပ်ခဲ့ရတာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

သေနတ်ကျည်ဟာ ရင်ဘတ်ကို ထိမှန်ခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ပေမဲ့ Wynn ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စနေနေ့ညပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကင်မရာတွေက ဖမ်းယူရရှိထားတဲ့ အခင်းဖြစ်ပွားတဲ့ ကင်မရာမှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ပြီး သူ့ဆီမှာ တွေ့ရတဲ့ သေနတ်ဟာ အစစ်နီးပါး တူညီတဲ့ Glock 17 ပြောင်းတိုသေနတ်အတု ဖြစ်နေတာကို နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေမှာ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ထဲမှာတော့  ရဲတပ်ဖွဲ့က ပုံတူလက်နက်ဖြစ်တယ်လို့ ပြောထားတဲ့ အရာကို ညွှန်ပြကာ ရဲအရာရှိတွေ အချင်းချင်း ‘သေနတ်’ဆိုပြီး သတိပေး အော်ဟစ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ဒီအမှုကို နယူးယောက် ရှေ့နေချုပ်ရုံးနဲ့ ယူတီကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အဆိုပါ ရဲအရာရှိ ၃ ဦးကို တာဝန်ကနေ ရပ်နားထားတယ်လို့ သိရပါတယ်။

Nyah Mway ဟာ ယူတီကာမြို့ ဒိုနိုဗန်အလယ်တန်းကျောင်းက ၈ တန်း ကျောင်းသားတဦး ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီအမှုနဲ့ ပတ်သက်လို့ နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးနေပြီး ကရင်လူငယ်ရဲ့ မိခင်နဲ့  ကရင်အသိုက်အဝန်းကလည်း ပစ်ခတ်သူကို အရေးယူပေးဖို့နဲ့  တာဝန်ခံ၊ တာဝန်ယူဖို့ သွားရောက်တောင်းဆိုခဲ့ပါတယ်။

မြို့ခံ ကရင်တိုင်းရင်းသားတွေ အပါအဝင် လူပေါင်း  ၁၀၀ ကျော်လောက်ဟာ တနင်္ဂနွေနေ့က ဘုရားကျောင်းတခုမှာ  စုဝေးကာ Nyah Mway အသတ်ခံရမှုအတွက် တရားမျှတမှု ရရှိရေး ဆုတောင်းခဲ့ကြပါတယ်။

Source: AP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013