DVB Logo
Home
မြန်မာသတင်း
ဒီရေတောအကြောင်း ဟောပြောမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရ
DVB
·
September 24, 2014
ဒီရေတောအကြောင်း ဟောပြောမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရ
Donate to DVB

[caption id="attachment_65854" align="alignright" width="770"](ဓာတ်ပုံ - ရိုက်တာ) (ဓာတ်ပုံ - ရိုက်တာ)[/caption]ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ ဒီရေတောတွေ အရေးပါပုံအကြောင်း လိုက်လံဟောပြောမှုကြောင့် တရားစွဲခံနေရတဲ့သူတွေကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ဒေသခံရွာသား ဦးမြင့်လွင်၊ ဦးချိုလွင်နှင့် ဦးခင်ရွှေတို့နှင့် ဒီရေတော စိုက်ပျိုးမှုကို ဦးဆောင်ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ပြစ်မှုနဲ့ ဒေးဒရဲမြို့နယ်တရားသူကြီး ဦးရဲထွဋ်ခေါင်က စက်တင်ဘာလ ၂၃ ရက်နေ့က ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။

အခုနှစ် မတ်လက ဒေသခံရွာပေါင်း ၄၇ ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဒီရေတော စိုက်ဖို့ ဟောပြောတဲ့အတွက် ပုဒ်မ ၁၈ နဲ့ အခုနှစ် မတ်လအတွင်းက အမှုဖွင့်ခဲ့သလို မေလ အတွင်းကလည်း ခွင့်ပြုချက်မရဘဲ လူစုလူဝေးနဲ့ ဒီရေတော စိုက်ပျိုးခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ ဒုတိယအကြိမ် ဒေးဒရဲမြို့နယ် ကျုံဒါးရဲစခန်းမှူး ရဲအုပ် နိုင်မွန်ထွန်းက ပုဒ်မ ၁၈ နဲ့ အမှု ၂ မှုစီကို စတင်ဖွင့်လှစ်ခဲ့ပြီး တရားစွဲဆိုခဲ့တာပါ။

ကိုထွန်းထွန်းဦးကို ထောင်ဒဏ် ၆ လနဲ့ ဒေသခံရွာသား ဦးချိုလွင်နဲ့ ဦးခင်ရွှေတို့ကို ထောင်ဒဏ် ၄ လစီနဲ့ ဦးမြင့်လွင်ကို ထောင်ဒဏ် ၂ လအဖြစ် အသီးသီး အပြီးသတ်အမိန့် ချမှတ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013