DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားတာဝန်ရှိသူများ ကင်မ်ဂျုံအန်းပုံပါ ရင်ထိုးများ စတင်တပ်ဆင်
DVB
·
July 1, 2024
မြောက်ကိုရီးယားတာဝန်ရှိသူများ ကင်မ်ဂျုံအန်းပုံပါ ရင်ထိုးများ စတင်တပ်ဆင်
Donate to DVB

မြောက်ကိုရီးယား တာဝန်ရှိသူတွေဟာ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်း ရုပ်ပုံပါ ရင်ထိုးတွေကို ပထမဆုံးအကြိမ် တပ်ဆင်လာကြတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်တဲ့ ရုပ်ပုံတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒါဟာ အဘိုးနဲ့ အဖေတို့ အစဉ်အလာအတိုင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှု တည်ဆောက်ခြင်းရဲ့  နောက်ထပ်ခြေလှမ်းတရပ် ဖြစ်ပါတယ်။

တာဝန်ရှိသူတွေဟာ ညာဘက်ခြမ်းမှာ ပုံမှန်အတိုင်း ပါတီလိုဂိုရင်ထိုးကို တပ်ဆင်ထားသလို ဘယ်ဘက်မှာတော့ အနီရောင်အလံပုံစံ နောက်ခံပေါ်မှာ ကင်မ်ရဲ့မျက်နှာပုံ ဖော်ပြထားတဲ့ ရင်ထိုးကို တပ်ဆင်ထားပါတယ်။

၂၀၂၄ ပထမနှစ်ဝက် ပါတီစွမ်းဆောင်ရည်ကို သုံးသပ်တဲ့ အလုပ်သမားပါတီ ၈ ကြိမ်မြောက် ဗဟိုကော်မတီရဲ့ ၁၀ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်ကျင်းပနေတာ ဖြစ်ပါတယ်။

ကွန်မြူနစ်နိုင်ငံဖြစ်ပေမဲ့ သားစဉ်မြေးဆက် ဘုရင်စနစ်ပုံစံ ဆက်ခံခဲ့ကြတဲ့ ကင်မ်မျိုးဆက်ဟာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံစတင်ထူထောင်လာကတည်းက အုပ်စိုးလာကြတာ ဖြစ်ပါတယ်။

အဘိုးဖြစ်သူ ကင်မ်အီဆွန်း၊ အဖေဖြစ်သူ ကင်မ်ဂျုံအီလ်တို့ လက်ထက်ကတည်းက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အခြေခံပြီး အာဏာချုပ်ကိုင်မှုကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုအခါမှာ ကင်မ်ဂျုံအန်းကလည်း အဘိုးနဲ့ အဖေနည်းတူ သူ့အဆင့်အတန်းကို တတန်းတည်း မြှင့်တင်လာခဲ့တယ်လို့လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ကင်မ်ဂျုံအန်းရဲ့ ဧရာမဓာတ်ပုံကြီးကို သူ့အဘိုး၊ သူ့အဖေပုံတွေရဲ့ ဘေးမှာ ချိတ်ဆွဲထားတာမျိုး လုပ်လာတာလည်း တွေ့လာရပါတယ်။

ဧပြီလအတွင်းမှာလည်း “ချစ်ကြည်ညိုစရာ ဖခင်ကြီး” အဖြစ် ကင်မ်ဂျုံအန်းကို ပုံဖော်ထားတဲ့ ဝါဒဖြန့်သီချင်း ထုတ်လွှင့်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013