DVB Logo
Home
သတင်းတို
အာဆီယံလူဦးရေ ၆၀၈ သန်းရှိပြီ
DVB
·
September 24, 2014
အာဆီယံလူဦးရေ ၆၀၈ သန်းရှိပြီ
1 / 2
Donate to DVB

အရှေ့တောင်အာရှ့နိုင်ငံများအသင်း (အာဆီယံ) ဒေသတွင်း လူဦးရေ ၆၀၈ သန်းရှိနေပြီလို့ အာဆီယံဖေစ်ဘွတ်ခ်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

aseanအာဆီယံဒေသတွင်း လူဦးရေးအများဆုံးနိုင်ငံ က အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး လူဦးရေ ၂၄၆ သန်းကျော်၊ ဖိလစ်ပိုင်က ၉၆ သန်းကျော်၊ ဗီယက်နမ်က ၈၈ သန်းကျော်၊ ထိုင်းက ၆၆ သန်းကျော်၊ မြန်မာက ၅၂ သန်း၊ မလေးရှားနိုင်ငံက ၂၉ သန်းကျော်၊ ကမ္ဘောဒီးယားက ၁၄ သန်းကျော်၊ လာအိုက ၆ သန်းကျော်၊ စင်ကာပူက ၅ သန်းကျော်နဲ့ ဘရူးနိုင်းက ၄ သိန်းကျော် ရှိကြောင်း သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့က ဒေသတွင်း ကွန်မြူနစ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်နေ့မှာ စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။

၁၉၈၄ ခုနှစ်မှာ ဘရူးနိုင်း၊ ၁၉၉၅ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ် မြန်မာနဲ့ လာအို၊ ၁၉၉၉ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတို့က အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013