DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့် ဘဲလာရုစ်တွင် ဖမ်းဆီးခံ အရပ်သား ၁၀ ဦး လွတ်မြောက်ဟု ယူကရိန်းသမ္မတ ပြော
DVB
·
June 30, 2024
ရုရှားနှင့် ဘဲလာရုစ်တွင် ဖမ်းဆီးခံ အရပ်သား ၁၀ ဦး လွတ်မြောက်ဟု ယူကရိန်းသမ္မတ ပြော
Donate to DVB

ရုရှားနဲ့ မဟာမိတ် ဘဲလာရုစ်နိုင်ငံတို့မှာ နှစ်အတော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သား ၁၀ ဦးကို အကျဉ်းသားလဲလှယ်မှု တစိတ်တပိုင်းအဖြစ် ယူကရိန်းနိုင်ငံကို ပြန်လွှဲပြောင်းပေးခဲ့ကြောင်း သမ္မတ ဗိုလိုဒီမီယာဇလန်စကီးက ဇွန်လ ၂၈ ရက်မှာ ပြောပါတယ်။

အခက်အခဲတွေ အားလုံးကြားကပဲ  ထိန်းသိမ်းခံထားရတဲ့ ပြည်သူ ၁၀ ယောက်ကို ရုရှားနိုင်ငံကနေ ပြန်ခေါ်ဆောင်နိုင်ခဲ့ပါတယ်လို့  ဇလန်စကီးက တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဇလန်စကီးဟာ ဗာတီကန် အပါအဝင် သုံ့ပန်းတွေကို လွှတ်ပေးဖို့ ရည်စူးလုပ်ဆောင်ပေးခဲ့တဲ့အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အရပ်သားတွေရဲ့ အိမ်အပြန်ခရီးဟာ အခုသီတင်းပတ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်သုံ့ပန်းတွေ အလဲအလှယ်အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး အဲဒီအစီအစဉ်အရ နှစ်ဖက်စလုံးမှ အကျဉ်းသား ၉၀ ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဒီကိစ္စ ရုရှားက မှတ်ချက်မပေးသလို ယူကရိန်းကလည်း ဖမ်းဆီးခံထားရတဲ့ ရုရှားနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။

ပြန်လည်ခေါ်ဆောင်လာသူတွေထဲမှာ ခရိုင်းမီးယန်း တာတာလူမျိုးစု လက်ထောက်အကြီးအကဲ နာရီမန် ဇေ့လ်ယာလ်လည်း ပါဝင်ပြီး မော်စကိုက ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူပြီးနောက် ၇ နှစ်အကြာ ၂၀၂၁ ခုနှစ်မှာ ရုရှားကျူးကျော်တပ်တွေက ဖမ်းဆီးခဲ့တာပါ။

အာဇော့ဗ်ပင်လယ်ရှိ ဘာဒီယန့်စ်ခ် ဆိပ်ကမ်းမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အရှေ့ပိုင်း အစဉ်အလာ ကက်သလစ် ဘုန်းတော်ကြီး ၂ ပါးလည်း လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ၅ ဦးဟာ မော်စကိုရဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်တဲ့ ဆိုဗီယက်ဟောင်း ဘဲလာရုစ်မှာ ထိန်းသိမ်းခံထားခဲ့ရတာပါ။

တခြားအရပ်သား ၂ ဦးဖြစ်တဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကိုတော့ ၂၀၁၄ ခုနှစ်က ရုရှားငွေကြေးထောက်ပံ့ထားတဲ့ ခွဲထွက်ရေးသမားတွေက သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့   ၂၀၁၇-၂၀၁၈ ခုနှစ် ကတည်းက သူတို့ကို သူလျှိုလုပ်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့နဲ့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013