DVB Logo
Home
မြန်မာသတင်း
ပြည်ပကုန်သွယ်ရေး လိုငွေပြမှု မြန်မာငွေတန်ဖိုး ကျဆင်းနိုင်
DVB
·
September 24, 2014
ပြည်ပကုန်သွယ်ရေး လိုငွေပြမှု မြန်မာငွေတန်ဖိုး ကျဆင်းနိုင်
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေး နှစ်စဉ်လိုငွေပြနေမှုဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေကြေးကို လျော့နည်းစေတာကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေနိုင်ကြောင်း စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

moneyမြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှုပမာဏဟာ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလပတ် ကာလအထိ အမေရိကန်ဒေါ်လာ ၇၀၈၀ သန်း ရရှိထားတဲ့အနက် ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၃၁၆၁ သန်းနဲ့ သွင်းကုန်တင်သွင်းမှုက ကန်ဒေါ်လာ ၃၉၁၉ သန်းရှိလို့ ကုန်သွယ်မှုလိုငွေက ကန်ဒေါ်လာ ၇၅၈ သန်းရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရတာပါ။

ကုန်သွယ်မှုမှာ လိုငွေတွေရှိနေတာဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေကြေးကို ထိခိုက်စေလို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ဆက်စပ်နိုင်တယ်လို့ ယူဆနိုင်တဲ့အကြောင်း စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူဒေါက်တာအောင်ကိုကိုက ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် မြန်မာကျပ်ငွေတန်ဖိုးက တကယ်လို့ အခုလို အကျဘက်မှာပဲ ဆက်လက်ရပ်တည်ခဲ့မယ်ဆိုရင် စားသုံးသူတွေအတွက် ဈေးနှုန်းကြီးမြင့်မှုကို ခံစားရမှာဖြစ်ကြောင်း သူက ပြောပါတယ်။

အစိုးရကခွင့်ပြုထားတဲ့ နိုင်ငံခြားငွေလဲတဲ့ကောင်တာတွေမှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက စက်တင်ဘာလ ၁ ရက်နေ့မှာ ၀ယ်ဈေး ၉၇၀ ကျပ်နဲ့ ရောင်းဈေး ၉၇၄ ကျပ်သာ ရှိခဲ့ပေမယ့်  စက်တင်ဘာ ၂၃ ရက် ကတော့ ၀ယ်ဈေး ၉၉၀ ကျပ်နဲ့ ရောင်းဈေး ၉၉၆ ကျပ်ရှိပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013