DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲအတွင်း လက်နက်ခဲယမ်းရောင်းသည့်စွပ်စွဲချက် ရုရှားသံအမတ် ပယ်ချ
DVB
·
June 29, 2024
ယူကရိန်းစစ်ပွဲအတွင်း လက်နက်ခဲယမ်းရောင်းသည့်စွပ်စွဲချက် ရုရှားသံအမတ် ပယ်ချ
Donate to DVB

ယူကရိန်းနဲ့စစ်ပွဲမှာ ပြုံယမ်းက ဒုံးကျည်တွေနဲ့ ခဲယမ်းတွေကို အသုံးပြုခဲ့ခြင်းအားဖြင့် မြောက်ကိုရီးယားအပေါ် လက်နက်ရောင်းချမှု တားမြစ်ပိတ်ပင်မှုကို ချိုးဖောက်တယ်လို့ စွပ်စွဲ ထားချက်နဲ့ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့ဟာ ဇွန် ၂၈ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဗာစ်စီလီ နေဘန်ဇီယာကတော့ အဲဒီစွပ်စွဲချက်ဟာ လုံးဝမှားယွင်းကြောင်း ပယ်ချခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ဟာ လက်နက်ကိုင် ရန်စမှု တွေနဲ့ ရင်ဆိုင်လာရရင် စစ်ရေးအကူအညီတွေ ပေးအပ်ကြမယ်လို့ ကတိပြုခဲ့ကြတဲ့ သဘောတူ စာချုပ်ကို လွန်ခဲ့တဲ့သီတင်းပတ်က လက်မှတ်ရေးထိုးပြီးနောက်မှာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့တာပါ။

ရုရှားသံအမတ် နေဘန်ဇီယာက ဒီကောင်စီ အစည်းအဝေးဟာ သူတို့ရဲ့ ကိုယ်ပိုင် အပျက် သဘောဆောင် လုပ်ရပ်တွေကို အာရုံမစိုက်စေအောင် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ဖြန့်ဝေတဲ့ ကြိုးစားမှုတခုအဖြစ် ကောင်စီအစည်းအဝေးကို ပယ်ချခဲ့ပါတယ်။ 

ပြုံယမ်းနဲ့ မော်စကိုတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သဘောသဘာဝအရ တရား၀င်ပြီး အပြုသဘောဆောင်ကြောင်းနဲ့ ဒါဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု တွေလိုတောင် ဘယ်သူ့ကိုမှ ခြိမ်းခြောက်ခြင်း မပြုကြောင်း ပြောဆိုပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဂင်မ်ဆုန်းကလည်း မြောက်ကိုရီးယား သို့မဟုတ် ရုရှားကို ဘယ်သူကမှ ကျူးကျော်ဖို့ မစီစဉ်ထားရင် သူတို့ ၂ နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုးရိမ်စရာ ဘာအကြောင်းမှ မရှိပါဘူးလို့ ပြောကြားပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှား ဆက်ဆံရေးဟာ တတိယပါတီကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ၂ နိုင်ငံ ပြည်သူတွေရဲ့ တိုးတက်မှုနဲ့ ကောင်းရာကောင်းကျိုးကို မြှင့်တင်ပေးတာကြောင့် ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ခုခံကာကွယ်မှု အပြည့်အဝရှိကြောင်းလည်း ကောင်စီကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ကလည်း တရုတ်နိုင်ငံကို သောကြာနေ့မှာ ဆင့်ခေါ်လိုက်ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကို ကာကွယ်ဖို့အတွက် မြောက်ကိုရီးယားနဲ့ ရုရှားတို့နဲ့အတူ သူ့ရဲ့သြဇာအာဏာကို အသုံးပြုသင့်ကြောင်းနဲ့ သူတို့နှစ်ဦးကြားက အန္တရာယ်ပိုများလာတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

တရုတ်ကလည်း ရုရှားရဲ့လုပ်ရပ်ကို ရှုတ်ချခြင်း မပြုဘဲ မြောက်ကိုရီးယားဟာ သတ္တိရှိရှိ လုပ်ဆောင်တာလို့ဆိုပြီး အမေရိကန်ရဲ့စွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိအခြေအနေက တင်းမာနေဆဲဖြစ်ပြီး အမေရိကန်အနေနဲ့ တခြားသူ တွေကို အပြစ်တင်ပြီး သူ့တာဝန်ကို ကျေပွန်အောင် ရှောင်နေမယ့်အစား အထူးသဖြင့် သူ့ရဲ့ ကိုယ်ပိုင် လုပ်ရပ်တွေကို လေးနက်စွာ တွေးတောသင့်ပါတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် သံအမတ်ကြီး ကျန်းရွှောင်း က ပြောပါတယ်။ 

အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပြုံယမ်းကို ရန်စနေတယ်လို့ တရုတ်နဲ့ ရုရှားတို့က ပြောဆိုကြပြီး ဝါရှင်တန်ကလည်း ပေကျင်းနဲ့ မော်စကိုတို့ဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ မြောက်ကိုရီးယားကို အကာအကွယ်ပေးခြင်းအားဖြင့် အားပေး အားမြှောက်လုပ်နေတယ် လို့ စွပ်စွဲထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013