DVB Logo
Home
အားကစား
အင်္ဂလန်အသင်း ရှုံးထွက်အဆင့်အတွက် ပင်နယ်တီကန်လေ့ကျင့်
DVB
·
June 29, 2024
အင်္ဂလန်အသင်း ရှုံးထွက်အဆင့်အတွက် ပင်နယ်တီကန်လေ့ကျင့်
Donate to DVB

အင်္ဂလန်အသင်းဟာ ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အတွက် ပင်နယ်တီကန်သွင်းတဲ့လေ့ကျင့်ခန်းတွေကို အချိန်ပိုယူပြီး လေ့ကျင့်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ  ဇွန် ၃၀ ရက်မှာ  ရူံးထွက်အဆင့်ပွဲစဉ်အဖြစ် ဆလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

ပုံမှန်ပွဲချိန်အတွင်း အနိုင်ရရှိဖို့ ပြင်ဆင်ထားပေမဲ့  ပင်နယ်တီအဆုံးအဖြတ်အထိ ရှိလာမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်အောင် လေ့ကျင့်ထားတာလို့ အင်္ဂလန်ကစားသမားတွေက ပြောပါတယ်။

လေ့ကျင့်ရေးပြီးတိုင်းမှာ ပင်နယ်တီကန်သွင်းမှုကို လက်တွေ့လေ့ကျင့်ခဲ့ကြောင်း၊ ပင်နယ်တီကန်သွင်းမှု ကောင်းမွန်ဖို့က အရေးပါကြောင်း အင်္ဂလန်နောက်ခံလူတွေဖြစ်တဲ့ ကွန်ဆာနဲ့ မက်ဂေဟီတို့က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့ပေမဲ့ အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့  ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ အန်တိုနီဂေါ်ဒန်နဲ့ ဖိုဒန်တို့လည်း ပြန် ပါဝင်လာပါတယ်။​

အင်္ဂလန်တောင်ပံကစားသမား ဂေါ်ဒန်ဟာ စက်ဘီးမှောက်ပြီး မျက်နှာ၊ လက်၊ ခြေထောက်တို့မှာ ပွန်းပဲ့ဒဏ်ရာ ရခဲ့တာပါ။​ ဂေါ်ဒန်ဟာ စလိုဗေးနီးယားနဲ့ပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဇနီးဖြစ်သူမီးဖွားနေလို့ အင်္ဂလန်အသင်းလေ့ကျင့်ရေးအစီအစဥ်က ခေတ္တနားခဲ့ရတဲ့ မန်စီးတီးတောင်ပံကစားသမား ဖီလ်ဖိုဒန်လည်း သောကြာနေ့ လေ့ကျင့်ရေးမှာ ပြန်ပါ ဝင်လာပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013