DVB Logo
Home
မြန်မာသတင်း
ဖြူနှင်းထွေး လွတ်မြောက်ရေး တရားရုံးရှေ့ ဆန္ဒပြ
DVB
·
September 23, 2014
ဖြူနှင်းထွေး လွတ်မြောက်ရေး တရားရုံးရှေ့ ဆန္ဒပြ
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်နိုင်ငံသား ၂ဦးကို ပြန်ပေးဆွဲမှုနဲ့ဖမ်းဆီး တရားစွဲခံရသူ တက္ပသိုလ် ကျောင်းသူ မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး  သူလွတ်မြောက်ရေး လိုလားသူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။

[caption id="attachment_65331" align="alignleft" width="300"]မဖြူနှင်းထွေး မဖြူနှင်းထွေး[/caption]

ဗကသအဖွဲ့ဝင်တွေနဲ့ လက်ပံတောင်း ဒေသခံ ၃၀ လောက်က ယင်းမာပင်ခရိုင် တရားရုံးရှေ့မှာ ဗကသ ရဲဘော် ဖြူနှင်းထွေး ချက်ချင်းလွှတ်၊ မတရားစွဲဆိုထားသော ပုဒ်မများဖျက်သိမ်းပစ် စတဲ့ ကြွေးကြော်သံတွေ နဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာလို့ ဗကသများအဖွဲ့ချုပ်က သတင်း နဲ့ ပြန်ကြားရေးကော်မတီ ကိုသီဟ၀င်းတင်က ပြောပါတယ်။

မြန်မာစာဘာသာရပ်အထူးပြု တကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်း တောင် တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၈/၃၆၄ တွေနဲ့  ဖမ်းဆီး တရားစွဲဆိုထားတာပါ။

ကနဦးပိုင်းက တရားရုံးကို  မဖြူနှင်းထွေးကို ၀ှက်ပြီး ခေါ်ဆောင်ခဲ့သလို စစ်ဆေးရာမှာ တရားခွင်ကို တက်ရောက်နားထောင်ခွင့်မပေးဘဲနေရာက နောက်ပိုင်းကျမှ  ၁၀ ဦးကို ၀င်ခွင့်ပြုခဲ့တယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“မိန်းမသားတယောက်ကို ထုတ်လာတဲ့နေရာမှာတော့ လုံခြုံရေးတွေ အဆမတန်ချထားတယ်။ ပထမစစချင်း ကျနော်တို့ တွေ့ခွင့်မရအောင် မဖြူနှင်းထွေးကို ဖွက်ထားပြုထားတာတွေ ရှိတယ်။ တရားရုံးမထုတ်မယ့်ပုံစံမျိုးတောင် ရှိတယ်။”

ကနဦးမှာတော့ မဖြူနှင်းထွေး ရှိနိုင်မယ့် မုံရွာထောင်၊ ရဲစခန်း ၄ ခုလောက်ကို လိုက်လံမေးမြန်းရာမှာ တော့ မရှိဘူးလို့ ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

တရားရုံးထုတ်ပြီးတဲ့နောက်ပိုင်း ယင်းမာပင်မြို့မ ရဲစခန်းမှာ မဖြူနှင်းထွေးကို ဗကသအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး မဖြူနှင်းထွေးက အာမခံမပေးပေမယ့် စိတ်ဓာတ်မကျတဲ့အကြောင်း ဗကသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောပါတယ်။

“လက်ပံတောင်းတောင် ပြည်သူတွေက တရားမျှတတဲ့တိုက်ပွဲကို ဆင်နွှဲတာဖြစ်တဲ့အတွက် အဲဒီတရားမျှတတဲ့ဘက်က သူရပ်တာ ဖြစ်တယ်။ သူ့ကိုယ်သူလည်း အပြစ်ရှိတယ်လို့ မယူဆဘူး။ သူအပြစ်ကင်းစင်တယ်။ ဒါဟာ မတရားသဖြင့် ဖမ်းဆီးထောင်ချတာ ဖြစ်တယ်လို့ သူက သတင်းပေးတယ်။ နောက်တချက်က သူဟာ တခြားအဖွဲ့အစည်းတွေရဲ့ ငွေရေးကြေးရေး အကူအညီတွေ မယူဘူးပေါ့ဗျာ။ ဗကသအဖွဲ့အစည်း အကူအညီကိုပဲ လက်ခံမယ်။ ဗကသ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း သူအထဲမှာ ရပ်တည်မယ်ပေါ့။ ဗကသ ဆုံးဖြတ်ချက်ကို နာခံမယ်လို့ သူပြောတယ်။”

တွေ့ဆုံအပြီး မဖြူနှင်းထွေးကို မုံရွာထောင်ကို ပိုဆောင်ဖို့ ခေါ်ဆောင်သွားပြီလို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013