
The Infrastructure of Myanmar ကုမ္ပဏီဟာ အခြေခံလူတန်းစားတွေအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ၀ယ်ယူလိုသူတွေဆီက အဆိုပြုလွှာတွေကို ဂျာနယ်တွေကနေ တဆင့် ဖိတ်ခေါ်နေပါတယ်။
လောလောဆယ် တိုက်ခန်းကို ဘယ်တိုင်းနဲ့ ပြည်နယ်မှာ ၀ယ်ယူလိုတယ်ဆိုတာကို အဆိုပြုဖို့ ဖြစ်ပြီး ကုမ္ပဏီအနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဆီကနေ ခွင့်ပြုချက် ရရှိမှသာ တိုက်ခန်းရောင်းချပေးမယ့် လျှောက်လွှာတွေ ထပ်ပို့ပေးမယ်လို့ ဆိုပါတယ်။
ဒီအခါ အကျယ် စတုရန်း ပေ ၆၀၀ ကျယ်ဝန်းတဲ့ အခန်းကို ၀ယ်ယူလိုသူတွေအနေနဲ့ ဘဏ်မှာ ၁ လ ကျပ် ၃ သောင်း နဲ့ နှစ်ပေါင်း ၃၀ တိတိ သွင်းရမှာ ဖြစ်ပါတယ်။ ငွေသွင်းပြီး ၂ နှစ်အတွင်း တိုက်ခန်းတွေ အပ်နှံသွားမယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
တနိုင်ငံလုံးမှာ တိုက်ခန်း ၂ သန်းလောက် အကောင်အထည် ဖော်မယ်ဆိုတဲ့ ဒီ ကုမ္ပဏီ သတင်းစာရှင်းလင်းပွဲလုပ်ပြီးနောက် ယုံကြည်စိတ်ချရမှု မရှိဘူးလို့ သတင်းမီဒီယာတွေက ရေးသား ဖော်ပြကြပါတယ်။











