DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ တပ်သားတဦး မြ၀တီတွင် အသတ်ခံရ
DVB
·
September 23, 2014
ကေအန်ယူ တပ်သားတဦး မြ၀တီတွင် အသတ်ခံရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) အထူးစစ်ကြောင်းက တပ်သားတဦးရဲ့ ရုပ်အလောင်း  မြ၀တီမြို့နယ်မှာ တွေ့ရှိခဲ့ပါတယ်။

knuသေဆုံးသူဟာ ကေအန်အယ်လ်အေ အထူးစစ်ကြောင်းက ဗိုလ်ကြီးလမင်းရဲ့ တပ်သား စောတာနိုးဆိုသူ ဖြစ်ပြီး သူအလောင်းကို စက်တင်ဘာ ၂၂ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရုပ်အလောင်းတွေ့ရှိချိန် လက်ထိတ်ခတ်ထားပြီး ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရ တယ်လို့ ကေအန် ယူရဲ့ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူ စောဇောရိုးက ပြောပါတယ်။

သေဆုံးသူ တပ်သား စောတာနိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ သူတာဝန်ကျရာ မြ၀တီခရိုင် မယ်ထော်သလေး ဒေသကနေ သူ့တပ်ရင်းကို အပြန်မှာ ပျောက်ဆုံးခဲ့တာလို့ ပြောပါတယ်။

စောတာရိုးကို နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၂၂ က  လက်ထိတ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြန်လွှတ်ခံရတဲ့ တက္ကစီသမားရဲ့ ပြောကြားချက်ကို ကိုးကားပြီး  ဗိုလ်မှူး စောဇော်ရိုးက ပြောပြပါတယ်။

“တာဝန်ကျတဲ့ဆီကနေ တပ်ရင်းရုံးကို ပြန်ဖို့ ဘီဂျီအက်ဖ် (နယ်ခြားစောင့်တပ်) တပ်ရင်း ၂၀၂၂ ကို ဖြတ်အလာမှာ သူတို့ခေါ်ပြီး စစ်ဆေးမေးမြန်းတယ်။ သူစီးလာတဲ့ ဆိုင်ကယ်တက္ကစီကိုတော့ မင်းနဲ့မဆိုင်ဘူး၊ ပြန်သွားပါဆိုပြီးတော့ ဆိုင်ကယ်က ပြန်လာတယ်။ အဲဒီကနေစပြီးတော့ ပျောက်သွားတယ်။ နောက်ဆုံးတော့ မနေ့က အလောင်းပေါ်လာတော့ လက်ထိတ်တန်းလန်းကြီးနဲ့ ပေါ်လာတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူတပ်မဟာ ၆ က နယ်ခြားစောင့် တပ် ၁၀၂၂ က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီသေဆုံးမှုဟာ သီတင်းတပတ်အတွင်း ကရင်လက်နက်ကိုင်တပ်သား ထပ်မံ သေဆုံးခဲ့ရမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့မှာ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီကေဘီအေအဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်သလို နယ်ခြားစောင့်တပ်ဟာလည်း ဒီကေဘီအေကနေ ခွဲထွက်ပြီး  နယ်ခြားစောင့်တပ်အစီအစဉ်မှာ အစိုးရ တပ်မတော်လက်အောက်ခံအဖြစ် ပူးပေါင်းတာဝန်ထမ်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013