DVB Logo
Home
နိုင်ငံတကာ
လ မြေသားနမူနာယူလာသည့် ချန်အီ-၆ လဆင်းယာဉ် ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်
DVB
·
June 26, 2024
လ မြေသားနမူနာယူလာသည့် ချန်အီ-၆ လဆင်းယာဉ် ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်
Donate to DVB

ကမ္ဘာမြေက မမြင်နိုင်တဲ့ လရဲ့ အခြားတဖက်ခြမ်းက မြေနဲ့ ကျောက်သားနမူနာတွေ ယူဆောင်လာတဲ့ တရုတ်လဆင်းယာဉ် ချန်အီ-၆ ဟာ တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယားဒေသမှာ ဇွန် ၂၅ ရက်က ပြန်လည်ဆင်းသက်လာပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံဟာ လရဲ့ အခြားတဖက်ခြမ်းက မြေသား ကျောက်သားနမူနာတွေ ကမ္ဘာမြေကို ပြန်လည်သယ်ယူနိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ချန်အီ-၆ ယာဉ်ကို မေ ၃ ရက်က တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းကနေ လွှတ်တင်ခဲ့တာပါ။ စူးစမ်းရေးယာဉ်ဟာ လရဲ့ တောင်ဝန်ရိုးစွန်း၊ အိုက်ကန်ချိုင့်ဝှမ်းမှာ ဆင်းသက်ခဲ့ပြီး မြေသားနမူနာတွေ ရယူနိုင်ခဲ့တာပါ။

စီစဉ်ထားသလို မြေသားကျောက်သားနမူနာ ၂ ကီလိုဂရမ်အထိ ပြန်သယ်လာနိုင်စွမ်းရှိ၊ မရှိကို အတိအကျ မသိရသေးပါဘူး။

လမြေသားနမူနာတွေကို လေယာဉ်နဲ့ မြို့တော်ပေကျင်းကို ပို့ဆောင်ကာ သုတေသန လုပ်မှာဖြစ်ပြီး ဒီလေ့လာမှုကနေ ကမ္ဘာ၊ လနဲ့ နေအဖွဲ့အစည်း ဖြစ်ပေါ်လာပုံ အချက်အလက်သစ်တွေ ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013