DVB Logo
Home
Lead Story
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် လွှတ်တော်တင်
DVB
·
September 23, 2014
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် လွှတ်တော်တင်
1 / 2
Donate to DVB

အမတ်တွေ၊ သတင်းဌာနတွေနဲ့ ပြည်သူတွေ ဝေဖန်မှု ရှိနေပေမယ့် ရန်ကုန်တိုင်း အစိုးရဟာ ကြည့်မြင်တိုင် ဘက်ကမ်းက မြေဧက ၃သောင်းမှာ တည်ဆောက်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းကို လုပ်ကိုင်ခွင့်ပြုဖို့ ရန်ကုန်တိုင်း လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

10662095_773504746021361_7196671576564801023_oစက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော် အထူးအစည်းအဝေးမှာ ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်စားမြို့တော်ဝန် ဦးလှမြင့်က တင်သွင်းခဲ့တာဖြစ်ပြီး ဒီစီမံကိန်းကိစ္စ လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှာ အမတ်တွေ အခြေအတင် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဒီ့မတိုင်ခင် လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း အစိုးရဟာ ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ- တွံတေး ကားလမ်းကြားက မြေဧက ၃ သောင်းကျော်မှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံနဲ့ ငွေကျပ် ဘီလီယံ ၇၀၀၀ အကုန်အကျခံပြီး ရန်ကုန်မြို့သစ် တည်ဆောက်မယ့် ကိစ္စ မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးလိုက်ပြီဖြစ်တဲ့အကြောင်း တင်ပြလာတဲ့အတွက် ကန့်ကွက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်ပိုင်း ထင်သာမြင်သာရှိတဲ့ တင်ဒါ ပြန်ခေါ်မယ်၊ တင်ဒါကို လူတွေ ယုံကြည်လေးစားရသူတွေနဲ့ ရွေးချယ်မယ် ဆိုပြီး အစိုးရအဖွဲ့ ပြန်လည် ပြင်ဆင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013