DVB Logo
Home
မြန်မာသတင်း
သက်တမ်းကုန် အလုပ်သမားများ ခရီးသွားလာခွင့် မြန်မာသံရုံး ထုတ်ပေးမည်
DVB
·
September 23, 2014
သက်တမ်းကုန် အလုပ်သမားများ ခရီးသွားလာခွင့် မြန်မာသံရုံး ထုတ်ပေးမည်
Donate to DVB

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံပြန်ပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းလုပ်နိုင်ဖို့ ခရီးသွားလာခွင့်လက်မှတ်ကို ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပေးမှာ ဖြစ်ပါတယ်။

[caption id="attachment_59602" align="alignright" width="338"]မဟာချိုင်ဒေသ ပင်လယ်စာ လုပ်ငန်းခွင့်တွေ့ရသည့် မြန်မာအလုပ်သမားအချို့ မဟာချိုင်ဒေသ ပင်လယ်စာ လုပ်ငန်းခွင့်တွေ့ရသည့် မြန်မာအလုပ်သမားအချို့[/caption]

ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ယာယီအလုပ်လုပ်ကိုင် ခွင့်နဲ့ နေထိုင်ခွင့် လက်မှတ်က လာမယ့် ၂၀၁၅ ခုနှစ် မတ်လမှာ သက်တမ်းကုန် မှာ ဖြစ်ပါတယ်။

သက်တမ်းမကုန် ခင်မှာ မြန်မာ သံရုံးက နိုင်ငံကူးလက်မှတ် (ပတ်စပို့စ်) ထုတ်ပေး မှာ ဖြစ်ပြီး နိုင်ငံ ကူးလက်မှတ်ထုတ်ယူရာမှာ မှတ်ပုံတင်နဲ့  အိမ်ထောင်စုစာရင်း အဓိက လိုအပ်ပါတယ်။

မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမရှိသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြန်လုပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းသွားလာရာမှာ အဖမ်းအဆီး မရှိအောင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ်တိုင် သံရုံးကိုလာရောက် လျှောက်ထားနိုင်သလို ဒါမှမဟုတ် အောက် ဖော်ပြပါပုံအတိုင်း လျှောက်လွှာပုံစံမှာ လိုအပ်ချက်တွေဖြည့်ပြီး အီးမေးလ်က တဆင့်ပို့လို ရတယ်လို့ သိရပါတယ်။

အီးမေးလ်ရပြီးဆိုရင်တော့ မြန်မာသံရုံးက ခရီးသွားထောက်ခံစာကို စာတိုက်က တဆင့် ပြန်လည်ပေးပို့ပေးမယ်လို့ ဆိုပါတယ်။ ဖော်ပြပါ ခရီးသွားလက်မှတ်ဟာ အသွားအပြန် တကြိမ်တည်းသာ အသုံးဝင်တယ်လို့ သံရုံးက ထုတ်ပြန်တဲ့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းလောက် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013