DVB Logo
Home
မြန်မာသတင်း
စဥ့်ကူး ရေဘေးဒုက္ခသည်များ အကူညီ လိုအပ်
DVB
·
September 23, 2014
စဥ့်ကူး ရေဘေးဒုက္ခသည်များ အကူညီ လိုအပ်
Donate to DVB

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်အတွင်းက ရေဘေးဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေကို အလှုရှင်တချို့က သွားရောက်လှုဒါန်းမှုတွေ ပြုလုပ်နေပေမယ့် အကူညီတွေ ထပ်မံလိုအပ်နေပါတယ်။

Sinku Flood Victim 3 copyစက်တင်ဘာ ၁၈ ရက်နေ့ မနက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေ လျှံမှု ဖြစ်ခဲ့တာကြောင့် စဥ့်ကူးမြို့နယ် အတွင်း မှာရှိတဲ့ ကျည်တောက်ပေါက်၊ နွယ် ရုံ၊ ရေ မျက်၊ ၅ ပြားပေး၊ ရွာတွေမှာ ရေ ကြီးရေလျှံ ဖြစ်ပေါ် ခဲ့တာ ဖြစ်ပါတယ်။

ရေမျက်ကျေးရွာက အဆိုးရွား ဆုံး ဖြစ်ခဲ့ တာကြောင့် ရေ မျက်ကျေးရွာက ရေဘေးဒုက္ခသည်တွေကို အလှုရှင်အချို့က သွားရောက်လှုဒါန်းနေကြပါတယ်။

အလှူရှင်တဦးဖြစ်သူ ဒေါ်အမာနီက “အသေအပျောက်က ၂ ဦး၊ ကိုယ်ဝန်သည်လေးနဲ့ ကလေးကို ၆ သောင်းပေးလိုက်တယ်။ သားနဲ့ သမီးရော သေသွားပြီး တဦးတည်း ကျန်နေတဲ့ မိသားစုက ကိုမျိုးကို ကိုကျတာ့ ၄ သောင်းပေးလိုက်တယ်။ ကျန်တဲ့ ၁၅ ဦးကိုကျတော့ ၁ အိမ်ထောင်ကို ၃ သောင်းနှုန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ငါးခြောက်ကျော်၊ ပဲ၊ လက်ဖက်၊ ဟင်းချိုမှုန့်နဲ့ ဆပ်ပြာမှုန့် အဲဒါတွေကို ၁ ထုပ်ဆီဝေပါတယ်။ အိမ်ထောင်စု ၁ စုကို ၁ သာင်းဆီနဲ့က အားလုံးပေါင်း ၅၉ အိမ်ထောင်စု” လို့ ပြောပါတယ်။

ခုလို ရေကြီးမှုတွေကြောင့် ရေဘေးဒုက္ခရောက်နေရတဲ့ ရွာတွေကို နီးစပ်ရာမြို့တွေနဲ့ ရွာတွေက လာရောက် ကူညီလုပ်အားပေးတာတွေလည်း ရှိနေပါတယ်။

စဥ့်ကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစမ်းဦးမောင်ကတော့  “ကံတောင်၊ လက်ပန်လှ၊ နွယ်ရုံ၊ ချောင်းကြီး၊ ရွာသစ်ကလေး၊ ရွာသစ်ကြီး၊ ခူလယ်၊ ငပျင်းအင်း၊ ကဗျို၊ ပြီးတော့ ကြားတဲ့နေရာကပေါ့၊ စားသောက်ရိက္ခာကတော့ ကြားတဲ့ရောက်တဲ့နေရာကတော့ မြန်မာလူမျိုးတွေဆိုတော့ ဒုက္ခအကြီးအကျယ် ရောက်တဲ့နေရာကို ကြားတဲ့နေရာက နေပြီးတော့ ကူကြပါတယ်။ မတ္တရာကလည်း ရောက်ပါတယ်။ ကျနော်တို့ မတ္တရာနယ်ထဲကလည်း ရောက်တယ်။ သပိတ်ကျင်း နယ်ထဲကလည်းရောက်တယ်။ ကြားတာကို လာကူကြတာပါ” လို့ ရှင်းပြပါတယ်။

အကူအညီတွေဟာ ရွာနီးနားကပဲ လာရောက် စောင့်ရှောက်မှုတွေ လုပ်ပေးနေတာ ဖြစ်ပြီး ထိရောက်တဲ့ ကူညီမှုမျိုးတွေ ရလာဖို့ ဒုက္ခသည်တွေက မျှော်လင့်နေကြပါတယ်။

ရေမျက်ကျေးရွာမှာ ရေဘေးဒုက္ခသည်တဦးဖြစ်တဲ့ မသင်းက “ရွာရပ်ကပဲ စောင့်ရှောက်ပေးနေတာ၊ ရွာနားနီးကအရပ်ကတို့ မြို့နယ်ပေါ်ကတော့ ဟိုလို ထိခိုက်နစ်နာတဲ့ ပုံစံမျိုး မပါသေးဘူး။ တရွာနဲ့တရွာ ထိစပ်မှုပေါ့ စည်းလုံးမှုလေ၊ အဲဒီလိုလေးပေးတာပဲရှိတာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က စတင်ပြီး လူမှုကူညီရေးအသင်းတွေနဲ့ အလှုရှင်တွေက စတင်ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေတာ ဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းတွေ လာရောက်ကူညီပေးနေပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။

အခုချိန်အထိ အမိုးကာတွေနဲ့ အိမ်သာတွေ မရှိသေးတဲ့အတွက် ဝမ်းပျက်ဝမ်းလျော ရောဂါတွေ ဖြစ်လာမှာကိုလည်း ရွာခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013