DVB Logo
Home
မြန်မာသတင်း
သုံးသလောက်သာကောက်မည့် အစီအစဉ် အော်ရီဒူး ကြေညာ
DVB
·
September 23, 2014
သုံးသလောက်သာကောက်မည့် အစီအစဉ် အော်ရီဒူး ကြေညာ
Donate to DVB

အော်ရီဒူးမြန်မာ က စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီကစပြီး တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားကို စက္ကန့်နဲ့ တွက်ချက်ယူမယ့်နှုန်းထားကို ပြောင်းလဲကျင့်သုံးမယ်လို့ ကြေညာလိုက်ပါတယ်။

Ooredoo Sell YGN 31072014(4အော်ရီဒူးမြန်မာရုံး က လူမှုဆက်ဆံရေး နဲ့ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက “အော်ရီဒူးကနေ အော်ရီဒူး အချင်းချင်း ခေါ်ဆိုရင် ၁ မိနစ်ကို ၂၅ ကျပ်ဆိုတော့ စက္ကန့် ၆၀ နဲ့ စားပေါ့။ ကျသလောက် စက္ကန့်နဲ့ ပြော သမျှပဲ ကောက်ခံမှာပါ” လို့ ပြောပါတယ်။

အော်ရီဒူး ဆင်းကတ်ကနေ မြန်မာ့ဆက်သွယ်ရေးက အမ်ပီတီဆင်းကတ်နဲ့ ဖုန်းကို ခေါ်ဆိုရင်တော့ ၁ မိနစ်ကို ၃၅ ကျပ်နှုန်းထားနဲ့ ၁ စက္ကန့်ချင်း သုံးစွဲသလောက်  တွက်ချက် ကောက်ခံမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီနှုန်းထားမတိုင်မီက  ဖုန်းခေါ်ဆိုခတွေကို ၁ စက္ကန့်ကျော်တိုင်း ၁ မိနစ်စာ (၆၀ စက္ကန့်) နှုန်းထား ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အော်ပရေတာ တင်ဒါအောင်ခဲ့တဲ့ အော်ရီဒူးမြန်မာဟာ လွန်ခဲ့တဲ့လဆန်းပိုင်းကစလို့ တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေသလို လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေး အမ်ပီတီနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နေပြီး တယ်လီဖုန်းဆင်းကတ် ၁ သန်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။

အော်ရီဒူးမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Ross Comack က “ကိုယ်သုံးသလောက်ပဲ ကျသင့်တယ်ဆိုတာ အင်မတန်အရေးကြီးတယ်လို့ ကျနော်တို့ရဲ့ သုံးစွဲသူ မိဘပြည်သူများ ပြောပြချက်အရ သိရပါတယ်။ ကျနော်တို့ရဲ့ အသံအရည်အသွေးမြင့် ခေါ်ဆိုမှုတွေကို ဒီအယူအဆနဲ့ ထပ်ပေါင်းခြင်းအားဖြင့် သုံးစွဲသူ မိဘပြည်သူများကို ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံနဲ့ ပိုမိုသက်သာတဲ့ နှုန်းထားတွေကို ၀န်ဆောင်မှု ပေးနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်သီရိကြာညိုက အော်ရီဒူးမြန်မာဟာ ပထမဆုံးအနေနဲ့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင်က ၆၈ မြို့နယ်ကို စတင်ဝန်ဆောင်မှုပေးနေတဲ့အနက် နေပြည်တော်နဲ့ မန္တလေးမှာ ကြည်လင်ပြတ်သားပြီး မြန်နှုန်းမြင့်အင်တာနက်ရပေမယ့် လူနေသိပ်သည်းတဲ့ ရန်ကုန်ုမှာတော့ ၄၅ မြို့နယ်အနက် မြို့နယ် ၂၆ ခုမှာသာ အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်သေးတယ်လို့ ရှင်းပြပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်တခွင်လုံး ၀န်ဆောင်မှုပေးနိုင်အောင် တာဝါတိုင်တွေ တိုးမြှင့်ဆောက်လုပ်နေရာမှာ ဆီဒိုးနားနဲ့ မီကာဆာဟိုတယ်တွေအပေါ်မှာ တာဝါတိုင်တည်ဆောက်ရေးအတွက် လုပ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှာ လှည်းကူး၊ ရေနံချောင်း၊ အုတ်ကန်၊ သုံးဆယ်၊ သာယာဝတီ၊ နတ်မောက်၊ မရမ်းကုန်း၊ ကော့မှူး၊ ပခုက္ကူ။ တောင်ငူ၊ ပုဂံ၊ ညောင်ဦး ကြည့်မြင်တိုင်၊ မြင်းခြံ၊ ဖြူး၊ သနပ်ပင်၊ ပန်းတနော်၊ ဒလ၊ နတ်တလင်း မင်းလှမြို့နယ်တွေမှာ အော်ရီဒူးဆင်းကတ်ဖုန်းတွေ သုံးနိုင်တော့မယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတွေအဖြစ် မြန်မာ့ဆက်သွယ်ရေး၊ (အမ်ပီတီ)၊ အော်ရီဒူးနဲ့ ယှဉ်ပြိုင်ရောင်းချနေကြပြီး လာမယ့် အောက်တိုဘာလဆန်းပိုင်းကျရင် အော်ပရေတာအောင်ထားတဲ့ တယ်လီနောမြန်မာက ဈေးကွက်မှာ ၀င်ရောက်ယှဉ်ပြိုင်ရောင်းချတော့မှာဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးကတော့ ၁ မိနစ်ဖုန်းခေါ်ဆိုခ ၅၀ ကျပ် ကျသင့်နေပြီး ခေါ်ဆိုသည့်အချိန် ၆ စက္ကန့်တိုင်း တခါ   ကောက်ခံတဲ့စနစ်ကျင့်သုံးနေတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ ဈေးကွက်အခြေအနေအရ မြန်မာ့ဆက်သွယ်ရေးတယ်လီဖုန်းဆင်းကတ်တွေဟာ ဈေးကွက်မှာ ၁၅၀၀ တန်ဆင်းကတ်တခုဟာ ၁ သောင်းခွဲကနေ ၂ သောင်းထိ ဈေးပေါက်နေပြီး အ၀ယ်လိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013