DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်မရှိပေမယ့် မယ်တော်ဆေးခန်းက ခြေတုလက်တု ဆက်လက်ကူညီ
DVB
·
September 23, 2014
ဘတ်ဂျက်မရှိပေမယ့် မယ်တော်ဆေးခန်းက ခြေတုလက်တု ဆက်လက်ကူညီ
Donate to DVB

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှာ အခမဲ့ဆေးကုပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းရဲ့ ခြေတုလက်တုဌာနဟာ ဘတ်ဂျက်မရှိပေမယ့်လည်း တခြားအကူငွေ တွေနဲ့ ဖြည့်ဆည်းပြီး ယာယီဖြေရှင်းနေပါတယ်။

8အကူအညီပေးနေတဲ့ အလှူရှင်က ကျန်းမာရေးအတွက် မကူညီတော့ဘဲ ပညာရေးဘက် ကို ကူညီပေးတဲ့အတွက် ခြေတု လက်တက်တွက် ရန်ပုံငွေ ရပ်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် တခြားရန်ပုံငွေနဲ့ ပြန်လည် ရပ်တည်နေတယ်လို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

မယ်တော်ဆေးခန်းမှာ နှစ်စဉ် ခြေတု ၃၀၀ လုပ်နေရပြီး ခြေတုတချောင်းပြုလုပ်ဖို့ ပစ္စည်းကိရိယာ ၀ယ်ယူဖို့ ထိုင်းဘတ်ငွေ ၂၀၀၀ ကုန်ကျတယ်လို့ ဒေါက်တာ စင်သီယာမောင်က ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ၆ လအတွင်း ခြေတုလက်တုအတွက် လိုအပ်ငွေတွေကို တခြားဘတ်ဂျက် ရန်ပုံငွေထဲကနေ ထုတ်နုတ် ဖြည့်ဆည်း လုပ်ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခ သည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်းကို ထိုင်းနိုင်ငံ တပ်(ခ်)ခရိုင် မဲဆောက် မြို့အနီးမှာ ၁၉၈၉ ခုနှစ်က စတင်ဖွင့် လှစ်ခဲ့ပါတယ်။ နှစ်စဉ် လူနာသိန်းနဲ့ ချီကာ အခမဲ့ဆေးကုသပေးနေတဲ့ ဆေးခန်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်တွင်း အပြောင်းအလဲကာလမှာ ငှက်ဖျားရောဂါနဲ့ ပတ်သက်တဲ့လူနာ တွေ အနည်းအကျဉ်း လျော့နည်းသွားတာကလွဲလို့ ကျန်တဲ့ ရောဂါလူနာတွေက ပုံမှန်တိုင်း ကုသပေးနေရတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကာလတလျှောက် အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ရော ထောင်ခဲ့ကြတဲ့ လူသတ်မိုင်းတွေကြောင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပဲခူးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၃၀ ကျော်မှာ မိုင်းတွေဖြန့်ကြက်နေပြီး ပြည်သူလူထုဟာ မိုင်းဒဏ်ကို အဓိကခံစားနေကြရပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013