
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲမှာ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူ ၁၀၀၀ ကျော်ထဲက ဘင်္ဂါလီ ၂၀၉ ယောက်ကို နိုင်ငံသားဖြစ်ခွင့် မြန်မာအစိုးရက ပေးလိုက်တယ်လို့ ရိုက်တာစ်သတင်းမှာ ဖော်ပြပါတယ်။
[caption id="attachment_60929" align="alignright" width="338"]
မြေပုံဒုက္ခသည်စခန်း[/caption]
နိုင်ငံသားဖြစ် ခွင့် တောင်းဆိုကြတာကို အစိုးရပိုင်းက အကြိမ်ကြိမ် ပယ်ချခဲ့ပြီးနောက်မှာ ပထမအဆင့်အနေနဲ့ လက်ခံပေးလိုက် တာ ဖြစ်ပါတယ်။
ပြည်နယ်မြို့တော် စစ်တွေ ကနေ ရေလမ်းနဲ့ သာ ရောက်ရှိနိုင်တဲ့ ၃၂ မိုင်အကွာက မြေပုံမြို့နယ် ဒုက္ခသည်စခန်းတွေက ဘင်္ဂါလီ ၁၀၉၄ ယောက်ကို အဆင့်ဆင့် စိစစ် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၉ ဦးကို အခုလို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။
နောက်မှာတော့ ဌာနေတိုင်းရင်းသားလို့ အစိုးရ အသိအမှတ်ပြုထားတဲ့ ကမန် မွတ်ဆလင် အသိုင်းအ၀ိုင်းက ၂၀၉ ယောက်ဟာ နိုင်ငံသားဖြစ်ခွင့် ရခဲ့တာလို့ မြန်မာ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတွေက ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ ဘာကြောင့် ဒီလူတွေကို နိုင်ငံသားအဖြစ် ခွင့်ပြုလိုက်တယ် ဆိုတဲ့အကြောင်းနဲ့ ဘင်္ဂါလီ အရေအတွက် ဘယ်လောက်ပါဝင်တယ် ဆိုတာကိုတော့ လတ်တလောမှာ မရှင်းပြခဲ့ပါဘူး။
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဘာသာရေးပဋိပက္ခ ဖြစ်ပွားကြပြီးနောက်မှာ ရခိုင်ပြည်သူတွေနဲ့ ဘင်္ဂါလီတွေ ၁ သိန်း ၄ သောင်းလောက် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေခဲ့ကြတာပါ။











