DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေ တိုင်းရင်းသားဒေသ ကျောင်းများ အကျုံးမ၀င်သေးဟုဆို
DVB
·
September 23, 2014
အမျိုးသားပညာရေးဥပဒေ တိုင်းရင်းသားဒေသ ကျောင်းများ အကျုံးမ၀င်သေးဟုဆို
Donate to DVB

အမျိုးသားပညာရေးဥပဒေအရ ကျောင်းအမျိုးစားသတ်မှတ်ချက်တွေဟာ တိုင်းရင်းသားစာပေသင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားနေတဲ့ အမျိုးသားကျောင်းတွေအတွက်  အကျုံးမဝင်သေးဘူးလို့ တိုင်းရင်းသားပညာရေးအဖွဲ့ အစည်းတွေက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေမှာ အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဝန်ကြီးဌာနတွေက သတ်မှတ်ပေးထားတဲ့ ကျောင်းတွေဆိုပြီး အမျိုးအစား ၉ မျိုးသတ်မှတ်ထားပါတယ်။

အခုလို အမျိုးသားပညာရေးဥပဒေက သတ်မှတ်ထားတဲ့ ကျောင်းအမျိုးစားတွေကြောင့် တိုင်းရင်းသားစာပေ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားနေတဲ့ တိုင်းရင်းသားဒေသတွေက အမျိုးသားကျောင်းတွေဟာ ဥပဒေရဲ့ သတ်မှတ်ချက်နဲ့ အကျုံးမဝင်သေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်ပညာရေးဌာနပြောခွင့်ရ စောလော်အယ်မူးက   ပြောပါတယ်။

KED school“ကျနော်တို့ ကရင်ပညာရေးဌာနက သင်ရိုးညွှန်းတမ်း၊ မူဝါဒတွေနဲ့ ဖွင့်လှစ်ထား တဲ့ ကျောင်းတွေရှိသလို၊ ရွာသူရွာသားတွေက ဦးဆောင်ပြီး ဖွင့်လှစ်ထား တဲ့ ကျောင်းတွေလည်း ရှိတယ်။ အဲဒီကျောင်းတွေက community school တွေပေါ့နော်။ အဲဒီလိုမျိုး ဥပဒေတွေပြဋ္ဌာန်းမယ်ဆိုရင် အဲဒီဘောင်ထဲမဝင်တဲ့ ကျောင်းတွေ အများကြီးရှိတယ်။ အစိုးရ၊ ဌာနဆိုင်ရာက ခွင့်ပြု ချက်တစုံတရာ မရရှိဘဲနဲ့ တည်ထောင်ထားတဲ့ ကျောင်းတွေ အများကြီး ရှိပါတယ်။”

အမျိုးသားပညာရေးဥပဒေ ကူးပြောင်းရေးကာလပြဋ္ဌာန်းချက် ဆိုတဲ့အခန်းမှာတော့ ဒီဥပဒေ စတင်အာဏာတည်တဲ့နေ့ကနေ ငါးနှစ်အတွင်းမှာ ကျောင်းတွေအနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပြီးဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

စောလော်အယ်မူးက “အဲဒီဥပဒေမှာတော့ ငါးနှစ်အတွင်း အသွင်ကူးပြောင်းမယ်။ အသွင်ကူးပြောင်းဖို့အတွက် ဘယ်လိုပုံစံနဲ့သွားမလဲဆိုတာကလည်း ကျနော်တို့အတွက် စိုးရိမ်ပူပန်မှုရှိတယ်။ ကျနော်တို့ပြည်တွင်းမှာဆိုရင်လည်း ကရင်ပညာရေးဌာနက ဖွင့်ထားတာတွေ ရှိတယ်လေ။ အခု ဥပဒေနဲ့သိပ်ပြီးတော့ ကိုက်ညီမှုမရှိတဲ့အတွက် လျစ်လျူရှုခံရမှာ၊ အစား ထိုးခံရမှာလား၊ ဖျက်ဆီးခံရမှာလားဆိုတာ ကျနော်တို့ စိုးရိမ်ပူပန်မိတယ်” လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းရုံး၊ ကရင်ပညာရေးဌာန လက်အောက်မှာ ကရင်အမျိုးသားကျောင်းပေါင်း ၇၀၀ ဝန်းကျင်ရှိပြီး၊ တိုင်းရင်းသားတွေရဲ့ စာပေသင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားနေတဲ့ ကျောင်းတွေကတော့ ကချင်၊ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာဒေသတွေမှာ ကာလအတော်အကြာကတည်းက ရှိနေပါတယ်။

အခုလို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို တိုင်းရင်းသားတွေရဲ့ စာပေသင်ကြားခွင့်တွေအပေါ်မှာ ကန့်သတ်မှုတွေ ရှိနေတယ်လို့လည်း မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ ပညာရေးကွန်ရက်က သဘောထားထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013