DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာကြီးက လက်ဘနွန်ကို နောက်ထပ်ဂါဇာ အဖြစ်မခံနိုင်ဘူး လို့ ကုလအကြီးအကဲ ပြော
DVB
·
June 22, 2024
ကမ္ဘာကြီးက လက်ဘနွန်ကို နောက်ထပ်ဂါဇာ အဖြစ်မခံနိုင်ဘူး လို့ ကုလအကြီးအကဲ ပြော
Donate to DVB

အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ကျယ်ပြန့်လာမှုကို ရှောင်ရှားရမှာဖြစ်ပြီးတော့ ကမ္ဘာကြီး ဟာ လက်ဘနွန်ကို နောက်ထပ် ဂါဇာအဖြစ်မခံနိုင်ဘူးလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နယူးယော့ခ်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ 

ဂူတာရက်စ်ဟာ လက်ဘနွန်နယ်စပ် တလျှောက် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေအကြား အကြမ်းဖက်မှုတွေ ပြင်းထန်လာခြင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် တရားဥပဒေ စိုးမိုးတည်ငြိမ်မှုနဲ့ အရှုပ်အထွေးတို့ ၂ ဖက်ကို ခြားထားကြောင်း ရည်ညွှန်းတဲ့ မျဉ်းပြာလိုင်းရဲ့ ၂ ဖက်မှ လူအများအပြား အသက်ဆုံးရှုံးခဲ့ပြီး ထောင်သောင်းချီတဲ့ လူတွေလည်း သူတို့ရဲ့နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပြီး သူတို့ရဲ့စားဝတ်နေရေးတွေလည်း ပျက်ပြား ကုန်တယ်လို့ ကုလအကြီးအကဲက မှတ်ချက်ပြု ပြောကြားပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် 1701 ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့နဲ့ ရန်လိုမှုတွေကို ချက်ချင်း ရပ်စဲရေးတို့ကို အမြန်ဆုံးလုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

၂၀၀၆ ခုနှစ်မှာ ဖော်ဆောင်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ်ရပ်စဲရေး၊ လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးတပ်များ ဆုတ်ခွာရေးနဲ့ စစ်မဲ့ဇုန် ထူထောင်ရေး တို့ကို ချမှတ်ခဲ့ပါတယ်။ 

“တင်းမာမှုလျော့ပါးရေးအတွက် အစွမ်းကုန်လုပ်ဆောင်ရုံသာမက မစ်ရှင်ပြီးမြောက်ရေး အာမခံချက်ပေးဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိုသာမက ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ ကိုယ်တိုင်ကိုလည်း ကာကွယ် စောင့်ရှောက်ဖို့ UNIFIL မှာ ၂ ဖက်စလုံးနဲ့ အမြဲတမ်း အဆက်အသွယ်ရှိတယ်”လို့ ဂူတာရက်စ်က ပြောပါတယ်။ 

ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အလွန်အသေးစိပ်တဲ့ အစီအစဥ်တွေ ရှိပေမယ့် လည်း သူတို့ရဲ့ အဓိကပူပန်မှုက ဒေသအတွက်ရော ကမ္ဘာအတွက်ပါ ဘေးဒုက္ခဖြစ်စေမှာတွေ သိသိသာသာ တိုးမြင့်လာတာ မရှိဖို့ပါပဲ လို့လည်း ဆိုပါတယ်။ 

ကုလလုံခြုံရေးကောင်စီဟာ ၁၉၇၈ ခုနှစ် မတ်လမှာ လက်ဘနွန်ရှိ ကုလသမဂ္ဂကြားဖြတ်တပ်ဖွဲ့ (UNIFIL) ကို ဖွဲ့စည်းခဲ့ပြီး လက်ဘနွန်မှ အစ္စရေး နုတ်ထွက်ကြောင်း အတည်ပြုဖို့နဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပြန်လည်ထူထောင်ဖို့ အပြင် လက်ဘနွန်အစိုးရကိုလည်း အဲဒီဒေသမှာ အခွင့်အာဏာတွေ ထိထိရောက်ရောက် ပြန်လည်ရရှိစေဖို့လည်း ကူညီဆောင်ရွက်ပေးပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013