DVB Logo
Home
Lead Story
လုပ်ငန်းသုံး ယာဉ်အချို့ နယ်စပ်ကနေ တင်သွင်းခွင့်ပြု
DVB
·
September 23, 2014
လုပ်ငန်းသုံး ယာဉ်အချို့ နယ်စပ်ကနေ တင်သွင်းခွင့်ပြု
Donate to DVB

အစိုးရ မော်တော်ယာဉ် တင်သွင်းခွင့် ကြီးကြပ်ရေး ဆိုင်ရာ ကော်မတီဟာ ပစ်ကပ်ကားတွေ အပါအ၀င် လုပ်ငန်းသုံး ကားတစ်ချို့ကို နယ်စပ်ဝင်ပေါက်တွေကနေတဆင့် တင်သွင်းခွင့်ပြုလိုက်တယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ တဆင့် လုပ်ငန်းသုံး ယာဉ် အမျိုးအစားတွေထဲမှာ ပါဝင်တဲ့ Pick Up, Extended Cab, Open Cab , Smart Cab, Space Cab, 2 door, Pick up ၁ ခန်း၊ ၁ ခန်း ခွဲ အမျိုးအစားတွေကို တင်သွင်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီ့မတိုင်ခင်ကလည်း နယ်စပ်ကနေ တဆင့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ် နဲ့ လုပ်ငန်းသုံးယာဉ်တွေကို တင်သွင်းခွင့်ပေးထားပြီး ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံထဲကို ဂျပန် တစ်ပါတ်ရစ်ကားတွေ တင်သွင်းနေပြီး အများစုဟာ အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် အိမ်စီး လူသုံးကားငယ်လေးတွေ ဖြစ်နေပါတယ်။

ဒီကားအများစုဟာ မြန်မာနိုင်ငံ အနှံ့အပြားက ကျေးလက်နဲ့ လမ်းတွေပေါ်မှာ ပြေးဆွဲလို့ မသင့်တော်တာကြောင့် ခုလို ပစ်ကပ်ကားတွေကို နယ်စပ်ကနေ သွင်းခွင့်ပြုတာလို့ ကားဝယ်ရောင်း ကိုမျိုးမင်းက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013