DVB Logo
Home
နိုင်ငံတကာ
အိုင်အက်စ်နှင့် ဆက်စပ်နေသည့် သြစတြေးလျအမျိုးသမီး ၁ ဦးအား အကြမ်းဖက်မှုဖြင့် တရားစွဲ
DVB
·
May 28, 2026
Photo:Reuters
Photo:Reuters
Donate to DVB

၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ဆီးရီးယားဒုက္ခသည်စခန်းကနေ အိမ်ပြန်လာတဲ့ သြစတြေးလျ အမျိုးသမီး တယောက်ဟာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်း ခဲ့တယ်လို့ စွပ်စွဲခံရပြီး ကြေညာထားတဲ့ ပဋိပက္ခဇုန်အတွင်း ဝင်နေခဲ့တယ်လို့ အာဏာပိုင်တွေက မေ ၂၈ ရက်မှာ ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် အမျိုးသမီးဟာ အစ္စလာမ္မစ်နိုင်ငံတော်နဲ့ ပူးပေါင်းဖို့ အမျိုးသားတယောက် အပါအဝင် တခြားသူတွေနဲ့အတူ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဆီးရီးယားနိုင်ငံဆီ သွားခဲ့ တယ်လို့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) က ပြောပါတယ်။

သူဟာ ကြာသပတေးနေ့ မဲလ်ဘုန်းတရားရုံးမှာ တရားရင်ဆိုင်ရနိုင်ပြီး ပြစ်မှုနှစ်ခုစလုံးက ထောင်ဒဏ် ၁၀ နှစ်အထိ အများဆုံးပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေက ၂၀၁၉ ခုနှစ် မတ်လမှာ အမျိုးသမီးကို ဖမ်းဆီးခဲ့ပြီး အယ်လ်ဟောလ် ဒုက္ခသည် စခန်းမှာ မိသားစုဝင်တွေနဲ့အတူ ထိန်းသိမ်းခဲ့ပါတယ်။

သူဟာ လက်ဘနွန်နိုင်ငံက တခြားအမျိုးသမီးတယောက်နဲ့အတူ သြစတြေးလျနိုင်ငံကို ပြန်ရောက် လာခဲ့တာပါ။

အမျိုးသမီး ၂ ယောက်စလုံးအပေါ် ဆက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စွဲချက်မတင်ဘဲ အချိန်ကာလတခု ကြာခြင်းဟာ စုံစမ်းစစ်ဆေးမှုတွေ ရပ်သွားတာမဟုတ်ဘူး ဆိုတာ ကို သတိပြုဖို့ အရေးကြီးတယ်လို့ AFP အမျိုးသားလုံခြုံရေး စုံစမ်းစစ်ဆေးရေး ဒုတိယ ကော်မရှင်နာ ဟီလ်ဒါ ဆီရက်စ်က ပြောပါတယ်။

အခုလအစောပိုင်းမှာ ကျွန်ပြုမှုပြစ်မှုတွေနဲ့ တရားစွဲခံထားရတဲ့ အမျိုးသမီး ၂ ယောက်နဲ့ အိုင်အက်စ် အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲခံရတာ အပါအဝင် အကြမ်းဖက်မှု ပြစ်မှုတွေနဲ့ တရားစွဲဆို ခံထားရတဲ့ တတိယတယောက်တို့ ဩစတြေးလျကို ပြန်ရောက်လာပြီးတဲ့နောက် ခုလို တရားစွဲ ခံရတာပါ။

ဒုတိယအသုတ် သြစတြေးလျအမျိုးသမီးတွေနဲ့ ကလေးတွေ မေ ၂၆ ရက်မှာ ပြန်ရောက် လာချိန် မှာတော့ စွဲချက်တင် မခံရပါဘူး။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သြစတြေးလျ အမျိုးသမီးတချို့ဟာ ISIS အဖွဲ့ဝင်တွေလို့ စွပ်စွဲခံထားရတဲ့ သူတို့ခင်ပွန်းတွေနဲ့ ပူးပေါင်းဖို့ ဆီးရီးယားနိုင်ငံဆီ သွားခဲ့ကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013