DVB Logo
Home
ဘောလုံး
အီတလီဂန္ထဝင် ဘတ်ဂီယို ယူရိုဘောလုံးပွဲကြည့်နေစဉ် ဓားပြတိုက်ခံရ
DVB
·
June 22, 2024
အီတလီဂန္ထဝင် ဘတ်ဂီယို ယူရိုဘောလုံးပွဲကြည့်နေစဉ် ဓားပြတိုက်ခံရ
Donate to DVB

အီတလီဂန္ထဝင်ကစားသမားကြီး ဘီဂီယိုဟာ နေအိမ်မှာ ယူရိုဘောလုံးပွဲကြည့်ရှုအားပေးနေစဉ် သေနတ်ကိုင် ဓားပြတွေရဲ့ လုယက်မှု ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။

ဘတ်ဂီယိုနဲ့ မိသားစုဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က  အီတလီနဲ့ စပိန် ကစားခဲ့တဲ့ ယူရို ၂၀၂၄ပြိုင်ပွဲကို နေအိမ်က TV ကနေ ကြည့်ရှုနေချိန်မှာ လုယက်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဘတ်ဂီယိုဟာ အီတလီမြောက်ပိုင်းက အယ်လ်တာဗီလာဗင်ဆန်တီနာဆိုတဲ့မြို့ငယ်လေးမှာ ဇနီးဖြစ်သူအပါအဝင် သားနှစ်ဦး သမီးတစ်ဦးနဲ့အတူ နေထိုင်တာပါ။

ဇွန် ၂၀ရက် ဒေသစံတော်ချိန် ည ၁၀ နာရီလောက်မှာ လုယက်ခံခဲ့ရတာဖြစ်ပြီး မိသားစုဝင်တွေဟာ အခန်းထဲမှာလော့ချပြီး နေခဲ့ရတယ်လို့သိရပါတယ်။

အဲဒီမတိုင်ခင်မှာ ဘတ်ဂီယိုဟာ ဦးခေါင်းကို သေနတ်ဒင်နဲ့ ထုခံခဲ့ရပြီး ဒဏ်ရာကို ချုပ်ပြီး  ကုသခဲ့ရပါတယ်။

သေနတ်ကိုင် ဓားပြတွေဟာ စုစုပေါင်း ၅ ဦးပါဝင်ပြီး မိနစ် ၄၀ လောက် မွှေနှောက်ရှာဖွေပြီး နောက်  တန်ဖိုးကြီးနာရီတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ငွေကြေးတွေ ပါသွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013