DVB Logo
Home
မြန်မာသတင်း
မြေယာသိမ်းဆည်မှုများဖြေရှင်းရေး ကြိုးနီစနစ်ကြောင့် ကြန့်ကြာ
DVB
·
September 23, 2014
မြေယာသိမ်းဆည်မှုများဖြေရှင်းရေး ကြိုးနီစနစ်ကြောင့် ကြန့်ကြာ
Donate to DVB

သိမ်းဆည်းလယ်ယာမြေပြဿာတွေကို ဖြေရှင်းရာမှာ ကိုလိုနီခေတ် အုပ်ချုပ်ရေးလို အဆင့်ဆင့်တင်ပြတဲ့ စနစ်ကို ကျင့်သုံးနေတဲ့အတွက် နှောင့်နှေးကြန့်ကြာနေတယ်လို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို မနေ့က အစီရင်ခံလိုက်ပါတယ်။

Parliment 29012014မြေသိမ်းယူထားတဲ့ ကိစ္စတွေကို ဖြေရှင်းဆောင် ရွက်ပေးမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီနေ့ ပြည်ထောင်စု လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင် ၁၁ ဖွဲ့ဟာ တိုင်းနဲ့ ပြည်နယ်တွေကို ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ အသီးသီးနဲ့ လွှတ်တော်ကို အစီရင်ခံစာတွေ ပေးပို့ တင်သွင်းခဲ့ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက ဖြေရှင်းဆောင်ရွက်ပြီးတဲ့ အခြေအနေတွေကို တင်ပြလာတဲ့အပေါ် ကော်မရှင်က စိစစ်ပြီး ဒီအစီရင်ခံစာကို တင်သွင်းတာ လို့ ကော်မရှင် အတွင်းရေးမှူး ဦးအောင်သိန်းလင်းက ပြောပါတယ်။

ကော်မရှင် အဖွဲ့ခွဲတွေ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ၀န်ကြီးဌာနတွေနဲ့ ကုမ္ပဏီတွေက အကြီးအကဲတွေ မလာဘဲ အဆုံးအဖြတ်မပေးနိုင်တဲ့ ၀န်ထမ်းငယ်တွေကိုပဲ လွှတ်တဲ့အတွက် ဖြေရှင်းရာမှာ နှောင့်နှေးတာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးတော့ အခြေခံအဆင့်ကနေ တိုင်း၊ ပြည်နယ်အဆင့် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မြေတွေထဲက ဧက ၂ သိန်း ၁ ထောင်ကျာ်ကို စွန့်လွှတ်ခဲ့ပြီး ၁ သိန်းခွဲကျော်ကိုတော့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို လွှဲပြောင်းပြီးဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ ပထမ လေးလပတ်အစည်းအဝေးကို တင်ပြတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တနိုင်ငံလုံး စာရင်းချုပ်အရတော့ ဧက လေးသောင်းခြောက်ထောင်ကျော်ကိုပဲ တောင်သူဆီကို လွှဲပေးထားပြီးဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်းဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013