Home
နိုင်ငံတကာ
အိန္ဒိယတွင် ချက်အရက်ကြောင့် လူ ၃၀ ကျော် သေဆုံး
DVB
·
June 20, 2024
Photo - Reuters

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ မသန့်ရှင်းတဲ့ ချက်အရက်တွေ သောက်သုံးပြီးနောက် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၆၀ ကျော်ဟာ ဆေးရုံတွေမှာ ကုသမှုခံယူနေရဆဲဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၀ ​​ရက်မှာ ပြောပါတယ်။

အော့အန်၊ ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော ဝေဒနာခံစားရတဲ့ လူပေါင်း ၁၀၀ ကျော်ကို  မနေ့ကတည်းက ပြည်နယ်မြို့တော် ချန်နိုင်းကနေ မော်တော်ကားလမ်းကနေ  မိုင် ၁၅၀ အကွာက ကယ်လာကူချီရီခရိုင်ရှိ ဆေးရုံတွေကို ပို့ဆောင်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြည်နယ်အစိုးရဟာ တရားမဝင်ချက်အရက် ကိစ္စနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးအပါအဝင် အရာရှိ ၁၀ ဦးထက်မနည်းကို တာဝန်မှဆိုင်းငံ့ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ရဲတပ်ဖွဲ့ဟာ အသက် ၄၉ နှစ်အရွယ် ဂိုဗင်ဒရာ့ဂျ်ကို တရားမဝင် ယစ်မျိုးယမကာ ရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပြီး မီသနောရောစပ်အရက် လီတာ ၂၀၀ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း အစိုးရက ပြောကြားပါတယ်။

တမီလ်နာဒူးပြည်နယ်ထဲက အနီးနားရှိ ခရိုင်တခုမှာလည်း မနှစ်တုန်းက အလားတူ ဖြစ်ရပ်မျိုးနဲ့ပဲ လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ပါသေးတယ်။ 

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024