DVB Logo
Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်သင်္ဘောကို တရုတ်သင်္ဘောက ဝင်တိုက်
DVB
·
June 20, 2024
တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်သင်္ဘောကို တရုတ်သင်္ဘောက ဝင်တိုက်
Donate to DVB

တောင်တရုတ်ပင်လယ်မှာ ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တခုအတွင်း တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်ခဲ့တာကြောင့် ဖိလစ်ပိုင် ရေတပ်သင်္ဘောသားတဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။

ဇွန် ၁၇ ရက်က တရားဝင်ဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်ကို ဦးတည်ကျူးလွန်ခဲ့တဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဆက်လက်ရန်လိုတဲ့ အပြုအမူနဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူတို့ကို လက်ခံနိုင်စရာမရှိဘူးလို့ ဖိလစ်ပိုင်စစ်တပ်က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရသင်္ဘောသားကိုလည်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး ကုသပေးနေကြောင်း ဖိလစ်ပိုင်စစ်တပ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ဖိလစ်ပိုင်စစ်တပ်က ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေဟာ ဖိလစ်ပိုင်ရေတပ်ရဲ့ ကိုယ်ထည်တောင့်တင်းတဲ့ သင်္ဘောတွေဆီ ဝင်တိုက်ခဲ့တာတွေကို ပြသထားပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေကို ကိုင်ဆောင်ထားပြီး ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေကို ချိန်ရွယ်ခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ ဇွန် ၁၇ ရက်က တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား သန္တာကျွန်းဝိုင်းတခု အနီးမှာ တိုက်မိမှုတခုကို အပြန်အလှန် စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ် (CCG) က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘောဟာ တရုတ်ဘက်ခြမ်းမှ ထပ်ခါတလဲလဲ သတိပေးချက်တွေကို ဂရုမစိုက်ဘဲ နန်ရှာကျွန်းစုရှိ ရေ့နိုင်း သန္တာကျောက်တန်းအနီး ရေပြင်အတွင်းကို တမင်တကာ အန္တရာယ်ရှိစွာ ချဉ်းကပ်လာခဲ့တာဖြစ်ကြောင်း ပြသထားပါတယ်။

ဖိလစ်ပိုင်သင်္ဘောဟာ ရေ့နိုင်း သန္တာကျောက်တန်းမှာ ၂၅ နှစ်ကြာ တရားမဝင် ရပ်နားထားတဲ့ ဖိလစ်ပိုင်စစ်သင်္ဘောတစင်းကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ဖို့ ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ မကြာသေးတဲ့နှစ်တွေအတွင်း သဘောတူညီချက်အရ သောင်တင်နေတဲ့ သင်္ဘောဆီကို ပစ္စည်းတွေကို မပေးပို့ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ကမ်းခြေစောင့်တပ် (CCG) က သတိပေးချက်တွေ ထုတ်ပြန်ခြင်း၊ ဖိလစ်ပိုင် ရေယာဉ်ပေါ် တက်ပြီးတော့ စစ်ဆေးဆောင်ရွက်ခြင်း၊ အတင်းအဓမ္မ မောင်းထုတ်ခြင်းတို့ အပါအဝင် စည်းမျဉ်းစည်းကမ်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်တွေဟာ ကျိုးကြောင်းဆီလျော်ပြီး တရားဥပဒေနဲ့ ညီညွတ်ကာ ပရော်ဖက်ရှင်နယ် ကျကျ ဆောင်ရွက်တာဖြစ်ကြောင်း CCG က ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013