DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ ကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
DVB
·
June 20, 2024
မြေပုံမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ ကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ တုတ်ချောင်းရွာကို ဇွန် ၁၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းလာရောက်ပြီး အရပ်သားနေတဲ့ ကျေးရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးတဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီအတိုင်း အရပ်သားတွေနေတဲ့ရွာကို နေ့လယ် ၁၁ နာရီခွဲလောက်မှာ ဂျက်ဖိုင်တာတစီးနဲ့ ၂ ကြိမ် လာပစ်သွားတာ။ ရွာအဝင် တံတားအနီးကို ပစ်သွားတာဖြစ်တယ်။ ကျေးရွာအတွင်းက ကလေးတဦးနဲ့ အမျိုးသားတဦးက နေရာမှာတင် ဆုံးသွားတယ်။ နောက်ထပ် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရသွားကြတယ်။”

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၁၁ နှစ်အရွယ် မောင်အောင်နိုင်ဦးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုဦးကြည်ရွှေ တို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေမှာ မခင်စိုးချေ (၂၈ နှစ်)၊ မသီတာ (၂၃ နှစ်)၊ ကိုခိုင်ခိုင်ဦး (၁၆ နှစ်)၊ ဒေါ်မစိန် (၄၈ နှစ်) နဲ့ ဦးမောင်နိုင်ဦး (၄၈ နှစ်) တို့ ဖြစ်ကြပါတယ်။

အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ တုတ်ချောင်းကျေးရွာကို ဇွန် ၁၂ ရက်ကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရခိုင်ပြည်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အရှုံးကို လက်ခံနိုင်မှု မရှိတာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာဖြစ်တယ်လို့ ရခိုင်က လူအခွင့်အရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

“စစ်ကောင်စီကတော့ ရခိုင်မှာလို့ မဟုတ်ဘူး၊ တနိုင်ငံလုံးမှာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတာဖြစ်တယ်။ ရခိုင်မှာလည်း အဘက်ဘက်က ရှုံးနိမ့်တဲ့ စစ်ကောင်စီဟာ AA ကို တိုက်ခိုက်နိုင်စွမ်းမရှိတာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်လာတာဖြစ်တယ်။”

ရခိုင်မှာ စစ်ကောင်စီက နေ့တိုင်းလိုလို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံးမှုဟာလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေပါတယ်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ ၆ လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်း မောင်တော၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲနဲ့ အမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စခန်းတွေကို အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ခုခံနေရပါတယ်။

ဓာတ်ပုံ- APM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013