DVB Logo
Home
Lead Story
သီလ၀ါကုမ္ပဏီဥက္ကဋ္ဌနှင့် စီအီးအို ၁ နှစ် ဒေါ်လာ ၁ သိန်းကျော် ယူမည်
DVB
·
September 22, 2014
သီလ၀ါကုမ္ပဏီဥက္ကဋ္ဌနှင့် စီအီးအို ၁ နှစ် ဒေါ်လာ ၁ သိန်းကျော် ယူမည်
Donate to DVB

လုပ်ငန်း စတင်ချိန်ကနေ စပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု ရနေတဲ့ သီလ၀ါ အထူး စီးပွားရေးဇုန်လုပ်ငန်း လုပ်ကိုင်နေတဲ့ သီလ၀ါ အများပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေဟာ လစာငွေတွေကို ရယူခံစားတော့မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

အများပိုင် ကုမ္ပဏီမှာ အစုရှယ်ယာ ၅ ရာခိုင်နှုန်းစီ ထည့်ဝင်ပြီး ဒါရိုက်တာ အဖွဲ့ဝင်တွေအဖြစ် တာဝန်ရယူထားသူတွေဟာ လစာ ခံစားရယူကြမယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် ၂ ယောက်ဟာ ၁ နှစ်ကို အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်း၊ ဒါရိုက်တာ ၁ ယောက် ၁ နှစ် ဒေါ်လာ ၆ သောင်း ခံစားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

သီလ၀ါ အများပိုင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ယူအမ်အက်ဖ်စီစီအိုင်)ရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင် ဖြစ်ပါတယ်။

လက်ရှိ သီလ၀ါအထူးစီးပွားရေးဇုန်ရဲ့ အောင်မြင်မှုသတင်းတွေကြောင့် အစုရှယ်ယာ ၀ယ်ယူလိုသူ ပြည်သူ များပြားနေပြီး အများပိုင်ကုမ္ပဏီက အပြည့်အ၀ ရောင်းချပေးနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013