DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိဖြစ်နေဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော
DVB
·
June 19, 2024
ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိဖြစ်နေဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော
Donate to DVB

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိ ဖြစ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတာ့ခ်က ဂျီနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောလိုက်ပါတယ်။

“မောင်တောအခြေအနေနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်မိပါတယ်။ ဒီသီတင်းပတ်ကုန်မှာ အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာလူဦးရေ အများစု အပါအဝင် ကျန်နေသေးတဲ့ ဒေသခံတွေ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေမှာ ရွေးစရာမရှိတော့ဘူး။ (သူတို့မှာ) ထွက်ပြေးဖို့ နေရာမရှိဘူး”

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကို ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရပြီး သူတို့ထဲက လူဦးရေ ၁ သန်းနီးပါးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ဦးဆောင်တဲ့ လူမျိုးတုံး ဖြိုခွင်းမှုကနေ ထွက်ပြေးလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကတော့ “တိုက်ပွဲတွေ နီးကပ်လာတဲ့အတွက် မောင်တောမှာ ရိုဟင်ဂျာ ၇ သောင်းလောက်ပိတ်မိနေတယ်”လို့ ပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

လုံခြုံရေး အကြောင်းပြချက်နဲ့ အမည်မဖော်လိုတဲ့ မောင်တောဒေသခံတဦးကတော့ “ကျနော်တို့မှာ သွားစရာနေရာမရှိဘူး၊ ဘေးကင်းဇုန်မရှိ၊ စားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်ချက်တွေ မလုံလောက်ဘူး”လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတာ့ခ်က စစ်အုပ်စုက နှစ်ကာလရှည်ကြာ လုပ်ဆောင်လာခဲ့တဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေကြားမှာ ရာဇဝတ်မှုတွေဖြစ်လာနိုင်တယ်လို့လည်း သတိပေးထား ပါတယ်။

ဒါကြောင့်မို့ စစ်အုပ်စုဘက်က ကျူးလွန်နေတာကို ရပ်တန့်နိုင်ဖို့နဲ့ နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013